မာယာကျွေးသူရယ်

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
...“ဒီမှာ … ကျွန်မဘက်က တစ်ခုတော့ ကြိုပြောထားမယ်နော်။ ကျွန်မက အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တတ်တယ်။ စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး လေးလေးစားစား လုပ်တတ်တယ်။ ဘယ်သူ့ကိုမဆို ကျွန်မ တလေးတစား ဆက်ဆံတတ်တယ်။ ကျွန်မကိုလည်း လေးစားမှု ရှိစေချင်တယ်” “အဲဒါ အပေါ်ယံလွှာတွေပါ သူသေပြီရယ်၊ သြော် … ဆောရီး … မှားသွားလို့၊ သုတေသီရယ်၊ ရှေ့မှာ အလုပ်လုပ်ချင်ယောင်၊ လေးစားချင်ယောင်ဆောင်ပြီး ကွယ်ရာမှာ လုပ်ချင်ရာလုပ် ထင်ရာစိုင်းပြီး အပုပ်ချနေတာမျိုးကို မင်း ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ အရေးကြီးတာ ပွင့်လင်းဖို့၊ ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ပါ။ အပေါ်ယံ မျက်နှာဖုံးတွေကို ကိုယ် စိတ်မဝင်စားဘူး။ ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်းပဲ ကိုယ်နေတတ်တယ်။ မလုပ်ချင်တာကို ဟန်ဆောင်ပြီး ကိုယ်မလုပ်တတ်ဘူး။ အဲဒါတစ်ခုတော့ ကိုယ့်ဆီက မမျှော်လင့်နဲ့ ၊ ရမှာ မဟုတ်ဘူး”