၀တၳဳတုိ ၁၀၀

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
ဇာတ်အိမ်ကောင်းကောင်း၊ ဇာတ်ကောင်သန့်သန့်၊ ရေးဖွဲ့မှု ညက်ညက်ကလေးတွေနဲ့ ရစ်သီထားတဲ့ ဝတ္ထုရှည်တွေဟာ ဆရာမလွန်ထားထားရဲ့ ပရိတ်သတ်ကို အချိန်ကာလများစွာ စွဲဆောင်ထားတဲ့ လက်ရာတွေပါ။ ထို့အတူ မဂ္ဂဇင်းများမှာ ဖော်ပြခဲ့တဲ့ ဆရာမလွန်ထားထားရဲ့ ဝတ္ထုတိုလက်ရာကောင်းလေးတွေကိုလည်း စာဖတ် ပရိတ်သတ်ဟာ အမှတ်တရ ရှိနေဦးမှာပါ။ ၁၉၈၈ ခုနှစ်လောက်ကနေစပြီး မဂ္ဂဇင်းတိုက်တွေမှာ ဝတ္ထုတိုလေးတွေ ဖော်ပြခံရဖို့ ကြိုးစားခဲ့ရတဲ့ ဆရာမရဲ့ စာပေဖြတ်သန်းမှုမှာလည်း ဆယ်စုနှစ် နှစ်ခုစာလောက်အတွင်း ရေးဖွဲ့ဖြစ်ခဲ့တဲ့ ဒီဝတ္ထုတိုလေးတွေဟာ အဖိုးတန်တဲ့ ပုလဲလုံးလေးတွေလိုပါပဲ။ ပုဒ်ရေ ၃၀၀ နီးပါးရှိတဲ့ ဒီဝတ္ထုတိုလက်ရာလေးတွေကို သီးကုံးပန်းဆင်ချင်ပေမယ့် ထုတ်ဝေရေးအခက်အခဲကြောင့် ကောင်းနိုးရာရာ လက်ရွေးစင်ထုတ်ပြီး ဒီစာအုပ်မှာတော့ ဝတ္ထုတို ပုဒ်ရေ ၁၀၀ ကို စုစည်းဖော်ပြထားတာပါ။ တစ်ပုဒ်ချင်းစီ တိုင်းဟာ ပုလဲလုံးလေးတွေမို့ ဒီထဲကမှ စံတော်ဝင်ရွေးထုတ် သီကုံးလိုက်တဲ့ ဝတ္ထုတို ပုဒ်ရေ ၁၀၀ စုစည်းမှုကတော့ အဖိုး ထိုက်လှတဲ့ ပုလဲရတနာလည်ဆွဲလေးတစ်ကုံးလို ဖြစ်လို့နေပါတော့တယ်။