မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
မန္တလေးတက္ကသိုလ်ကနေ ဘွဲ့တစ်ခု ရပြီးတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ချင်တဲ့ “ခေတ်အရိပ်” ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ရှေးဆန်တဲ့ အဘွားရဲ့ အမိန့်ကြောင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ခွင့်မရဘဲ အိမ်က သဘောတူတဲ့ လူနဲ့ တွေ့ဆုံခဲ့ပါတယ်။ အတွေးအခေါ်၊ ခံယူချက်ခြင်း မတူတဲ့ အတွက် မိသားစုနဲ့ ဝေးရာ ရန်ကုန်ကိုလာရင်း မမျှော်လင့်ဘဲ လမ်းမှာ ကားကြုံလိုက်လာတဲ့ “လုလင်” ဆိုတဲ့ ကောင်လေးနဲ့ ရင်းနှီးခဲ့ပါတယ်။ မထင်မှတ်ဘဲ “နီတိ” ဆိုတဲ့ အဆိုတော်တစ်ယောက်နဲ့ ချစ်ကြိုက်သွားမိတဲ့ ခေတ်အရိပ် နဲ့ တဖက်သတ် ချစ်ကြိုက်နေတဲ့ လုလင် တို့ ရဲ့ သုံးပွင့်ဆိုင် လွမ်းမောဖွယ် အချစ်ဇာတ်လေးပါ။