ရွှေလိုလူ

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
‘ဘဝဆိုတာ ပင်လယ်ပြင်မှာ အေးအေးလူလူ သင်္ဘောစီးရင်း လေပြေလေညင်းကလေး ခံနေတုန်း၊ ဝုန်းခနဲ မုန်တိုင်းထန်ပြီး သင်္ဘောမှောက်တာမျိုးလည်း ကြုံချင်ကြုံမှာပဲ။ အဲဒီအချိန်မှာ ရှင်သန်ဖို့ ရုန်းကန်ရတာက အောင်မြင်မှုပဲ။ စိန်ခေါ်မှုတစ်ခု၊ အန္တရာယ်တစ်ခုက မင်းကို သေအောင် မသတ်နိုင်ဘူး ဆိုရင် မင်း ပိုပြီး သန်စွမ်းလာမှာပဲ။ အဲဒါ အောင်မြင်မှုပဲ’ ဆိုတဲ့ ဦးနေသန်။ ‘ကျွန်တော်ဟာ စွန့်ပစ်ခံလိုက်ရတဲ့ အမှိုက်ထဲကနေ Recycle ပြန်လုပ်ရင်း သက်ဝင်တန်ဖိုးရှိလာတဲ့ ရွှေတိုရွှေစ တစ်စဆိုရင် ဦး ကျွန်တော့်ကို ဘယ်လို တန်ဖိုးသတ်မှတ်မှာလဲ’ ဆိုတဲ့ ရဲရင့်ရင်ဆိုင်။ ရွှေလိုလူ ဆိုတဲ့ ဒီဇာတ်လမ်းက စကားလုံးတွေနဲ့ ခေါင်းစဉ်ကို မြင်ကတည်းက အချစ်ဇာတ်လမ်း ရိုးရိုးတစ်ပုဒ် မဟုတ်မှန်း သိမယ်ထင်ပါတယ်နော်။ ကဲ … ခံစားကြည့်လိုက်ပါဦး။