အဲဒီနေ့က ကောင်းကင်မှာ ပန်းတွေပွင့်တယ်

လွန်းထားထား (ဆေးတက္ကသိုလ်)

600 Kyats ကျပ်
‘အောင်မြင်မှုဟာ အကောင်းဆုံး လက်စားချေခြင်းလို့ သိခွင့်ရလိုက်ပြီးတဲ့နောက်မှာ လူတစ်ယောက်ကို လက်စားချေနိုင်ဖို့အတွက် ကျွန်တော် အောင်မြင်အောင် လုပ်မယ်ဆိုတဲ့အသိ၊ ကျွန်တော့်ရင်ဘတ်ထဲမှာ တံဆိပ်တစ်ခုလို ခပ်နှိပ်ထားခဲ့တာပါ’ တဲ့။ ဒါအဖွင့်စာသားလေးကိုက ဝတ္ထုတစ်ပုဒ်လုံးရဲ့ အသက်ပါပဲ။ The River ဆိုတဲ့ ဂီတအဖွဲ့တစ်ဖွဲ့။ ဒီအဖွဲ့မှာ အဖွဲ့ဝင်လေးယောက် ပါဝင်တယ်။ တေးသီ၊ ပီတိ၊ လင်္ကာဒီပနဲ့ နရီ ဆိုတဲ့ လူငယ်အဆိုတော်တွေ။ Dream World ဆိုတဲ့ ဂီတပြိုင်ပွဲမှာ လာရောက်ပြိုင်ဆိုင်ကြတဲ့ သူတို့လေးယောက်ရဲ့ The River အဖွဲ့ကို အကဲဖြတ်ပေးကြတာက နာမည်ကြီးအဆိုတော် သုံးယောက်။ အကဲဖြတ်ဒိုင် သုံးယောက်ထဲကမှ လေးညှို့ရှင်ဆိုတဲ့ မိန်းကလေးဟာ ဂီတလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်ဦး။ သူနဲ့ မကြာခင် ရင်ဆိုင်တွေ့တော့မယ့် The River အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ တေးသီရဲ့ ဘဝမှာ နာကြည်းမှုတွေ ရှိနေခဲ့တယ်။ ဒီဇာတ်လမ်းမှာ တေးသီရဲ့ လက်စားချေမှုက ဘယ်သူ့ကို ရည်ရွယ်ခဲ့တာလဲ။ အဆိုတော်မလေး လေးညှို့ရှင်ရယ်၊ The River အဖွဲ့ရယ်၊ ပြီးတော့ သဒ္ဒါမိုးစွေဆိုတဲ့ သူငယ်ချင်းမလေးရယ်၊ အတိတ်ရဲ့ နာကြည်းမှုတွေကြောင့် အောင်မြင်မှုကို ဆာလောင်နေတဲ့ လူငယ်တစ်ယောက်ရယ်၊ ဘယ်လို ဆက်စပ်နေကြမလဲ ဆိုတာကတော့ …