ရူးအောင်ချစ်မယ့်လူ

လွန်းထားထား(ဆေးတက္ကသိုလ်)

800 Kyats ကျပ်
ဝတ္ထုအညွှန်း ။ ။ တစ်ကိုယ်တည်း အေးအေးချမ်းချမ်း နေထိုင်နေတဲ့ အသက် (၃၀) ကျော်အရွယ် ပန်းချီဆရာ ပြာလွင်။ ဘေးချင်းကပ် အိမ်ကို ပြောင်းလာကြတဲ့ မိသားစုထဲက အသက် (၁၈) နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို မြင်ပြီးတော့၊ ဘဝမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ရူးသွပ်စွဲလန်းမှုတွေက ပြာလွင့်ရင်ထဲ ကုလားဘုရားပွဲလှည့်ရောပေါ့။ ကလေးဆန်တဲ့ ကောင်မလေးနဲ့ ရင်းနှီးအောင် ပြာလွင် ကြိုးစားခဲ့တယ်။ အခရာဆိုတဲ့ ဒီကလေးမလေးမှာ လရိပ်ညိုဆိုတဲ့ အဒေါ်တစ်ယောက် ရှိတယ်။ တူမအရွယ် ကလေးမလေးကို ချစ်မိတဲ့ ပြာလွင်တစ်ယောက် အဒေါ်ကိုပါ ရင်းနှီးအောင် ချဉ်းကပ်ရပြန်တယ်။ ဒီလိုနဲ့ လရိပ်ညိုနဲ့ရော၊ အခရာနဲ့ပါ ခင်မင်လာကြတဲ့နောက်ပိုင်း လရိပ်ညိုမရှိတဲ့ အခါမျိုးမှာ ပြာလွင်နဲ့ အခရာတို့ဟာ အချိန်တွေကို အတူဖြတ်သန်းရင်း သံယောဇဉ် ကြီးလာခဲ့ကြတာပေါ့။ ပြာလွင်ကတော့ ကိုယ့်ထက် အသက် ထက်ဝက်ကွာတဲ့ ကောင်မလေးကို ရူးခါနေအောင် ချစ်မိပေမဲ့ ဆန္ဒကို သိက္ခာနဲ့ထိန်းရင်း ဖွင့်မပြောရက်နိုင် ဖြစ်နေရပြန်တယ်။ တစ်နေ့ … ကလေးဆန်တဲ့ အခရာလေး တောင်းဆိုတာကြောင့် ခြံဝင်းထဲ နှစ်ယောက်သား တူတူပုန်းတမ်းကစားရင်း ရင်ခုန်သံတွေကို ထိန်းမထားနိုင်တော့တဲ့ ပြာလွင်ဟာ ချစ်ရသူကို နောက်ကနေ ရုတ်တရက် သိုင်းဖက်ပြီး သူ့ရင်ထဲက ချစ်စကားတွေကို ခရားရေလွှတ် ရင်ဖွင့်လိုက်မိတယ်။ “ကျွန်မလည်း ကိုပြာလွင့်ကို ချစ်ပါတယ်” ဆိုတဲ့ စကားနဲ့အတူ တဖြည်းဖြည်း … သူ့ဘက်လှည့်လာတဲ့ မျက်နှာကို မြင်လိုက်ရချိန်မှာတော့ ပြာလွင်ရဲ့ အိပ်မက်ကြီးဟာ တစ်စစီ ကြေကွဲလင့်စင်သွားပါတော့တယ်။ သူ့ ချစ်ခွင့်တောင်းခံမှုကို ချက်ချင်း အဖြေပေးလိုက်တာက သူမျှော်လင့်ထားတဲ့ အခရာမဟုတ်ဘဲ အခရာရဲ့ အဒေါ် လရိပ်ညိုဆိုတဲ့ အမျိုးသမီး ဖြစ်နေတဲ့အခါ … တစ်ယောက်တစ်မျိုးစီ ရူးအောင်ချစ်ခဲ့ကြတဲ့ သူတို့သူတို့ရဲ့ ရှေ့လျှောက် relations တွေက ဘယ်လောက်အထိ ရှုပ်ထွေးမှုတွေ ဖြစ်လာမလဲဆိုတာနဲ့ ဘယ်လိုတွေ ဖြေရှင်းကြမလဲ ဆိုတာ ရုပ်ရှင်မကြည့်ခင် ဝတ္ထုလေး အရင်ဖတ်လိုက်ကြပါဦးလို့ ...