မိုးကဲ့သို့ ထစ်ချုန်းသော

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
"မြယွန်းဘုံ … မင်းကို ငါ ချစ်တယ်၊ မင်းရဲ့ ရန်လိုနေတဲ့ အမူအရာတွေကို ချစ်တယ်၊ ပြီးတော့ မင်းရဲ့ အနိုင်ယူမှုတွေကို ချစ်တယ်၊ မင်းနဲ့ကျမှ အရှုံးပေးရတဲ့ ငါ့ကိုယ်ငါတော့ မုန်းတယ်။ မင်းကို ပိုင်ဆိုင်ချင်စိတ်တွေ ဖြစ်လာတဲ့ ငါ့ရဲ့ နှလုံးသားကို ငါ မုန်းတယ်’ (ထစ်ချုန်း) "ငါကမုန်းလေ … နင်က ငြိုးလေ။ နင်ကငြိုးလေ … ငါက ပိုမုန်းလေနဲ့ အဲဒီ့ သံသရာဟာ ဘယ်တော့များမှ ပြီးဆုံးခြင်းသို့ ရောက်နိုင်ပါတော့မလဲ … ငါ့မှာ လွတ်လပ်စွာ မုန်းတီးပိုင်ခွင့် မရှိရတော့ဘူးလား ဟင် … ထစ်ချုန်း၊ နင့်ကို ငါ မုန်းလှပြီ" (မြယွန်းဘုံ) ပြင်းထန်ရူးသွပ်စွာ ချစ်လိုက်မိတဲ့ အချစ်တစ်ခုရဲ့ ငြိတွယ်စွဲလန်းခြင်း နောက်ကွယ်မှာ မျက်ရည်နဲ့ ပူလောင်နာကျင်ခြင်းက သူတို့နှစ်ယောက်ရဲ့ နှလုံးသားတွေကို ဘယ်လို ဆီးကြိုနေမလဲ။ ထစ်ချုန်းနဲ့ မြယွန်းဘုံတို့ နှစ်ယောက်အကြားက အငြိုးအတေး၊ အချစ်အမုန်း၊ အရှုံးအနိုင်တွေကို ဇာတ်ရှိန်အနိမ့်အမြင့်၊ အတက်အကျ၊ ရင်တဖိုဖိုနဲ့ ခံစားကြရမယ့် ချစ်ခြင်းဖွဲ့ ဝတ္ထုဇာတ်လမ်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။