ပါးပြင်နုနုရဲ့ အကြွေး

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
သမားရိုးကျဆန်တယ်လို့ ဆိုရမယ့် ညီအစ်မအရင်းပမာ ချစ်ကြတဲ့ သူငယ်ချင်းနှစ်ဦးကြား ချစ်ခြင်းကို ယူဆောင်လာတဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့ဆုံရမှုကနေ အစပျိုးထားတဲ့ ဒီဇာတ်လမ်းဟာ ဘယ်လိုဆန်းကြယ်မှုတွေ ပေးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ဆရာမလွန်ထားထားရဲ့ ဝတ္ထုတွေနဲ့ အသားကျနေသူတိုင်း သိကြတဲ့အချက်ကတော့ ဆရာမဟာ ဘယ်တော့မှ သမားရိုးကျ ဇာတ်လမ်းတစ်ပုဒ်ကို ပရိတ်သတ်ဆီ မပို့ဘူးဆိုတဲ့ အချက်ပါ။ ဒါဆိုရင် ဒီဇာတ်လမ်းမှာရော ဘယ်လို ဆန်းကြယ်မှုတွေနဲ့ ချစ်ခြင်းရဲ့ အတိမ်အနက်ကို ဖွဲ့နွဲ့လေမလဲ။ ပွင့်ဖူးသစ်စ ပါးတစ်ဖက်မှာ အနမ်းအပ်ခဲ့မိတဲ့ ယောက်ျားတစ်ယောက်အတွက် ပါးပြင်နုနုကနေ ပြန်တောင်းယူမယ့် အကြွေးဟာ ဘယ်နည်းဖြစ်ဖြစ် တရားတယ်ဆိုတာကို ဒီစာအုပ်ဖတ်ပြီးတဲ့အခါ လက်ခံကြမှာ သေချာပါတယ်။