တိုင်တည်သစ္စာတည်သော အခါဝယ်

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
အခြားလူတစ်ယောက်အတွက် ဘဝကို ပုံပေးပြီး လူဖြစ်ခွင့်ရနေတဲ့ လူတစ်ယောက်မှာ ဘယ်လောက်များ ထိရှနာ ကျင်စရာတွေ များလိုက်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်မောဖွယ်အတိပါ။ ‘လှသောမေ’ ဆိုတဲ့ မိန်းမလှလေးတစ်ယောက် ဟာ အဲဒီလို အခြားလူတစ်ယောက်အတွက် ငယ်စဉ်ကတည်းက ဘဝကို ပုံပေးပြီး လူဖြစ်ခွင့်ရနေတဲ့သူပေါ့။ အစစအရာရာမှာ ‘ရွှေရေးသခင်’ ဆိုတဲ့ ရွယ်တူမိန်းကလေးတစ်ယောက်ရဲ့ အရိပ်လိုနေခဲ့ရတဲ့ ‘လှသောမေ’ ဟာလည်း သူ့ဘဝအိမ်မက်နဲ့သူ ရှိနေပါတယ်။ လှသောမေရဲ့ ဘဝအိမ်မက်ကတော့ တစ်ခါမှ မြင်ဖူးတွေ့ဖူးခြင်းမရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင် အား ပြင်းထန်းလွန်းသော ချစ်ခြင်းတရားပါ။ ကံကြမ္မာကပဲ တိုက်တိုက်ဆိုင်ဆိုင် ရက်စက်လွန်းတယ်လို့ ဆိုရမလား။ အဲဒီသူ ဟာ သူမရဲ့ အရိပ်ရှင် ရွှေရေးသခင်နဲ့ လက်ဆက်ဖို့ တစ်မြေခြားကနေ ရောက်ရှိလာတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေတဲ့ အခါ … ။ ချစ်ခြင်းတရားနဲ့ သစ္စာတရားတို့ကြား မိန်းကလေးတစ်ယောက်ရဲ့ ဘဝကံကြမ္မာကို နင့်နင့်နဲနဲ ဖွဲ့ဆိုထားတဲ့ ဒီဇာတ်လမ်းဟာ ဆရာမလွန်ထားထား(ဆေးတက္ကသိုလ်)ရဲ့ ဝတ္ထုတွေကိုမှ တရှိုက်မက်မက် ဖတ်တတ်တဲ့သူတွေအတွက်တော့ ရင်နဲ့ရင်းပြီး ဖတ်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။