ဇနီးချောများကွန်ရက်

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
ဆရာမလွန်းထားထားရဲ့ ပြင်းပြင်းရှရှ အချစ်ခံစားမှု လုံးချင်းဝတ္ထုဖြစ်တဲ့ ဇနီးချောများ ကွန်ယက်ကတော့ စာပေအနေနဲ့ အောင်မြင်ခဲ့ပြီးသား လက်ရာဖြစ်သလို ရုပ်သံဇာတ်လမ်းတွဲတွေ အဖြစ်နဲ့ပါ ဖန်တီးပုံဖော်ခဲ့ပြီးသား ဇာတ်လမ်းတစ်ပုဒ်မို့ အထူးညွှန်းဆိုနေစရာတော့ မလိုလောက်ပါဘူးနော်။ ဒီစာအုပ်ကို ဆရာမက ‘ကမ္ဘာပေါ်မှာ သားသမီးအပေး နားလည်နိုင်စွမ်း အရှိဆုံးသော အဖေနဲ့အမေ၊ ဘဝရဲ့ အဓိပ္ပာယ်တွေကို ပိုပြီး လေးနက်လှပ ပြည့်စုံလာစေခဲ့တဲ့ ဘဝအဖော်မွန် မောင်နဲ့ သမီးလေးကို အမှတ်တရ မှတ်တမ်းတင်လျက် …’ ဆိုပြီး အမှတ်တရ မှတ်တမ်း နိဒါန်းချီထားပါတယ်။ အိမ်ထောင်ရေးနဲ့ အချစ်အကြား ဗျာများကြတဲ့ အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတွေရဲ့ အဖြစ်အပျက်ကို အရေးအသားသွက်သွက်၊ ဇာတ်အိမ်ခိုင်ခိုင်၊ ခပ်မြူးမြူးလေး ရေးသားထားတဲ့ ဒီဇာတ်လမ်းက ဆရာမရဲ့ လက်ရာကောင်းတွေထဲကမှ မကောင်းဘူးလို့ ဘယ်သူမှ မငြင်းနိုင်တဲ့ လက်ရာကောင်း နောက်တစ်ပုဒ်ပါပဲ။ မဖတ်ဖူးသေးရင် ခံစားဖတ်ရှုကြည့်ကြပါဦး။