ကိုယ့်ရင်ဘတ်ရဲ့ အခြားအခြမ်း

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
လူတွေကို ဒီပုံစံနှစ်မျိုးနဲ့ မြင်ကြည့်ရအောင် ... ပထမတစ်မျိုးက ကိုယ့်အတွက်ပဲ ဦးစားပေးကြည့်ပြီး သူများကို ပေးဖို့ စိတ်မဝင်စားတဲ့ ပြောရရင် ချစ်ရင်တောင်မှ တစ်ဖက်လူဆီက အချစ်ကို ပိုလိုချင်တဲ့ လူမျိုး။ ဒုတိယကတော့ အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ပဲ။ ချစ်ရင်တောင် ကိုယ်က ပိုချစ်ချင်တာ ပိုပေးဆပ်ချင်တာ ဆိုတဲ့ လူမျိုးပဲ။`ရှေးရိုးရာ´ ဆိုတာ အဲ့ဒီ ဒုတိယ အမျိုးအစားထဲမှာပါတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ ``ကျွန်မက ဒုတိယလူစားမျိုး၊ ပေးဆပ်တာတွေ သိပ်များလွန်းပြီး အဆမတန်လည်း တနင့်တပိုး ရှုံးနိမ့်ခဲ့ဖူးပါတယ်၊ ရှင်းရှင်းပြောရရင် ကျွန်မ အချစ်ကို ကြောက်တယ်၊ ချစ်ရမှာကို ကြောက်သွားခဲ့တာ နှစ်နှစ်လောက်ရှိပြီ´´ ကိုယ် အယုံကြည်ရဆုံး လူတစ်ယောက်က ကိုယ့်ရဲ့ ယုံကြည်မှုကို အသုံးချပြီးပိပိရိရိ လိမ်ညာ စနစ်တကျ ဖျက်ဆီးသွားတဲ့အခါမှာတော့ ရှေးရိုးရာအတွက် 'လက်ထပ်ခြင်း' ဆိုတာကို phobia တစ်မျိုးလိုပဲ အကြောက်ကြီး ကြောက်ပြီး အချစ်အတွက် စိတ်ဒဏ်ရာ ရရှိခဲ့ရတယ်။ ဒါပေမဲ့ သူမဟာ ထက်မြက်တယ်၊ တည်ငြိမ်တယ်၊ ပင်ကိုဟန်ရဲ့ ထူးခြားမှုက သမားရိုးကျ တခြား မိန်းကလေးတွေထက် သူမကို ပေါ်လွင် တောက်ပနေစေတယ်။ antique dealer တစ်ယောက်ဖြစ်တဲ့ သူမ,နေတဲ့ မြို့လေး၊ သူမရဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေးကို ရောက်လာသူက `အံ့သြအောင်မြင်´