မခံစားနိုင်တော့ဘူး

လွန်းတမှီ

500 Kyats ကျပ်
>> အလုပ်လုပ်ဖူးတဲ့သူတိုင်း အလုပ်စစဝင်ချင်း အူတူတူဖြစ်တဲ့ ခံစားချက်တွေကို ခံစားဖူးကြတယ်မှတ်လား။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ အထက်လူကြီးက ဘယ်သူမှန်းမသိ။ ကုမ္ပဏီပိုင်ရှင်က ဘယ်သူမှန်းမသိနဲ့လေ။ လက်ဝဲရံ၊ ဆွေချစ်ချစ်နဲ့ အဝါရောင်တို့ သုံးယောက်လည်း ဒီလိုပဲ။ မန်နေဂျင်းဒါရိုက်တာကို သူခိုးအမှတ်နဲ့ ခေါ်ပြီး စစ်လားစမ်းလားလုပ်မိတာ။ လက်ျာရံဆိုတဲ့ မန်နေဂျင်းဒါရိုက်တာက သဘောကောင်းလို့တော်သေးတယ်။ သူတို့သုံးယောက်လုံးကလည်း စီးပွားရေးဘွဲ့ရတွေဆိုတော့ အလုပ်မထုတ်ပစ်ဘဲ ရုံးအဖွဲ့မှူးအနေနဲ့ တာဝန်ပြောင်းပေးလိုက်တယ်။ >> ပျိုတိုင်းကြိုက်လောက်တဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ လက်ျာရံနဲ့ ယောက်ျားတိုင်း လည်ပြန်ငေးရတဲ့ ကောင်မလေးသုံးယောက်၊ အဲဒီအထဲကမှ လက်ျာရံနဲ့ လက်ဝဲရံဆိုပြီး ကာရံမိတဲ့သူနှစ်ယောက် ဘယ်လိုတွေ စခန်းသွားကြမလဲဆိုတာ ရင်ခုန်ဖို့ကောင်းပါတယ်။ ဒီဝတ္ထုက လူငယ်သဘာဝ တစ်ယောက်နဲ့တစ်ယောက် စနောက်တာတွေ၊ ခွီစရာတွေ၊ အချစ်၊ အလွမ်းတွေပါသလို တခြားစိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေလည်းပါလို့ တင်ဆက်ပေးလိုက်ပါတယ်ဗျ။