မိတၱ

လွင်ဦးဟန်

200 Kyats ကျပ်
မိုးရွာနေတဲ့ နေ့တစ်နေ့မှာ ဇနီးဖြစ်သူက ဈေးသွားရင်း ရေနစ်နေတာတွေ့လို့ သနားပြီး အိမ်ခေါ်လာတဲ့ ခွေးပိန်မ။ ခွေးပိန်မကို သူက ကြည့်မရပါဘူး။ သူနဲ့ ခွေးပိန်မဟာ ဘယ်ဘဝက ရေစက်ကြောင့်မှန်းမသိဘူး။ ခွေးပိန်မကို မြင်လိုက်တာနဲ့ သူက တွေ့ရာနဲ့ ကောက်ပေါက်ချင်စိတ်က အလိုလို ဖြစ်လာတယ်။ ခွေးပိန်မကလည်း သူ့ကို မြင်ရင် ပေစောင်းစောင်းနဲ့ ကြည့်တတ်တယ်။ ဒီအကြည့်ကို သူ မကြိုက်ပေမဲ့လည်း ခွေးပိန်မဟာ စံပြမိခင်ကောင်း၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူ၊ ကျေးဇူးတရားကို သိတတ်ပြီး ကျေးဇူးရှင်အပေါ် ကျေးဇူးဆပ်ခဲ့သူအဖြစ် သူ့ရဲ့နှလုံးသားထဲမှာ အသိအမှတ် ပြုထားခဲ့ပါတယ်။ ခွေးပိန်မဟာ ခွေးတစ်ကောင်သာဖြစ်ပေမဲ့လည်း ကျေးဇူးမသိ တတ်တဲ့ လူသားမိတ်ဆွေတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မိတ်ဆွေကောင်းတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူး မိတ္တဂုဏကို ဂုဏ်ပြုတဲ့အနေနဲ့ ဆရာလွင်ဦးဟန်က မိတ္တ ဆိုတဲ့ အမည်နဲ့ ဒီဇာတ်လမ်းကို ရေးသားခဲ့ပါတယ်။ ခွေးပိန်မနဲ့ သူတို့မိသားစုရဲ့ ပတ်သက်ဆက်နွယ်မှု၊ အဖြစ်အပျက်တွေက ကြည်နူးစရာ၊ သနားစရာ၊ ကြေကွဲစရာတွေနဲ့ အပြည့်ပါပဲဗျာ။