ဆယ့်ကိုးအိမ်တန်းက မသန်းမြ

လွင်ဦးဟန်

200 Kyats ကျပ်
မသန်းမြနဲ့ သမီးဖြစ်သူ ခင်စန်းတင့်တို့ဆိုတာ အချုပ်ခန်းနဲ့အိမ်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို ခေါက်တုံ့ခေါက်ပြန် ဝင်ထွက်သွားလာနေတဲ့ သားအမိ။ ရပ်ကွက်က ချဉ်ကြတဲ့ ဒီသားအမိက မိန်းမကောင်းတွေတော့ မဟုတ်ပါဘူး။ အရပ်အခေါ် ကြက်လို့ ခေါ်တဲ့ ပြည်တန်ဆာ အလုပ်ကို ဝါသနာအလျှောက်ကော၊ ငွေကြေးအတွက်ပါ လုပ်စားနေကြသူတွေပါ။ ရပ်ကွက်က လူတွေနဲ့လည်း မတည့်၊ မိသားစုချင်းလည်း မတည့်။ မိသားစုချင်း ရန်ဖြစ်ရင်တောင် မကြားဝံ့မနာသာ အော်ဟစ်ဆဲဆိုတတ်တဲ့ မသန်းမြတို့မိသားစုကတော့ ပြည်သူ့ချဉ်ဖတ်အဖြစ်ပါပဲ။ မသန်းမြတို့နဲ့ ပြိုင်ပြီး ရန်ဖြစ်ဖို့ကိုလည်း ဘယ်သူမှ စိတ်မကူးကြဘူး။ ခွေးရူးနဲ့ ပြိုင်ကိုက်မိသလို ဖြစ်မှာစိုးလို့။ အိမ်ပေါ်မှာ ယောက်ျားတွေ တရုန်းရုန်းနဲ့ စည်ကားနေတတ်တဲ့ မသန်းမြတို့အိမ်ရဲ့ ဘေးချင်းကပ်မှာတော့ အေးအေးချမ်းချမ်း နေတတ်တဲ့ မိသားစုတစ်စု ရှိတယ်။ အဲဒီမိသားစုမှာ သမီးမိန်းကလေးတွေလည်း ရှိတော့ မသန်းမြတို့အိမ်ဘက်က ပေါက်ကရ အဖြစ်အပျက်တွေကို ယိုသူမရှက် မြင်သူရှက် ဖြစ်မှာစိုးလို့ မသန်းမြတို့ အိမ်ဘက်က တံခါးတွေကို အမြဲပိတ်ထားရတယ်။ ဒါပေမဲ့ … တစ်နေ့မှာတော့ လောကရဲ့ မမြဲတဲ့ သဘောတရားဟာ လူတွေကို အမျိုးမျိုး ပြောင်းလဲသွားစေတတ်တဲ့ အတိုင်းပဲ၊ မသန်းမြတစ်ယောက် လုံးဝကို မယုံနိုင်စရာ ပြောင်းလဲသွားခဲ့ပါတယ်။ မသန်းမြတစ်ယောက် ဘယ်လို ပြောင်းလဲသွားတာလဲ၊ ဘယ်လို အခြေအနေကြောင့် ပြောင်းလဲသွားရတာလဲ ဆိုတာကိုတော့ …