အောက်လမ်း

လွင်ဦးဟန်

200 Kyats ကျပ်
အမုန်းတရားဟာ တော်တော် ကြောက်စရာကောင်းတဲ့ အရာပါပဲ။ ရွံရှာမုန်းတီးမှုနဲ့အတူ ဒေါသတရားကလည်း အတူတကွ လိုက်ပါတတ်ပါတယ်။ စိတ်အခန့်မသင့်ဘဲ ဒေါသအလျောက် ဆဲဆိုအော်ငေါက်လိုက်တာ၊ ရိုက်နှက် သတ်ပုတ်တာမျိုးတွေကို ရှောင်လွှဲလိုက်နိုင်ရင်ဖြစ်ဖြစ်၊ ရင်ဆိုင်ဖြေရှင်းလိုက်ရင်ဖြစ်ဖြစ်၊ ပြေလည်သွားနိုင်ပေမဲ့ သူရဲဘောနည်းတဲ့စိတ်နဲ့ အောက်လမ်းပညာကို အသုံးချပြီး အန္တရာယ်ပြုခြင်းဆိုတာက ဆိုးဝါးလှပါတယ်။ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ ဆိုတဲ့ ရှေးစကားအတိုင်း တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံရာမှာ အဖုန်းမဖက်ဘဲ ဖြေရှင်း ဆက်ဆံကြဖို့လိုပါတယ်။ နှုတ်ချို လျှိုတစ်ပါးလို့ ဆိုထားတယ် မဟုတ်လား။ ချိုသာတဲ့ စကားနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းခြင်းက အကောင်းဆုံးပါပဲ။ တစ်ဖက်သား နစ်နာထိခိုက်စေမယ့် စကားတွေကိုလည်း ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အမုန်း ဖက်ပြီး ဒေါသစွက်လာတဲ့အခါ မနိုင် နိုင်ရာမဲပြီး ဒုက္ခရောက်စေဖို့ ရည်ရွယ်ချက်နဲ့ နည်းမျိုးစုံ လုပ်ဆောင်တတ်ကြတဲ့ လူတချို့အကြောင်းကို ဆရာလွင်ဦးဟန်က ဒီဇာတ်လမ်းလေးနဲ့ ပုံဖော်ထားပါတယ်။