ဟိုင်းဝေးလမ်းက ကျွဲတစ္ဆေ

လျှပ်ပန်းအိမ်

800 Kyats ကျပ်
လျှပ်ပန်းအိမ်ရေးသားတဲ့ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုတွေကို စုစည်းလိုက်တာက ‘ဟိုင်းဝေးလမ်းက ကျွဲတစ္ဆေ’ တဲ့။ ပရလောက နောက်ခံနဲ့ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ရသဝတ္ထုတိုတွေအဖြစ် ပုံဖော်ဖန်တီးထားတဲ့ ဇာတ်လမ်းကောင်းတွေ ဖြစ်ပါတယ်။ လောကမှာ သာမန်လူတွေအဖို့ သာမန်မျက်စိနဲ့ မမြင်မတွေ့နိုင်တဲ့ ဂမ္ဘီရဆန်ဆန် အဖြစ်အပျက် အကြောင်းတရားတွေ များစွာရှိပါတယ်။ ဒီလို ဆန်းကြယ်တဲ့ အဖြစ်အပျက် အကြောင်းအရာတွေကို ပုံဖော်ရေးသားထားတဲ့ ဝတ္ထုတို ကောင်းကောင်းလေးတွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီစာအုပ်လေးက သင့်ရဲ့ နှလုံးသားကို အာဟာရဖြည့်ပေးနိုင်မှာ အသေအချာပါပဲနော်။ ဒီစာအုပ်လေးထဲမှာ ပါဝင်တဲ့ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုတွေကို အားလပ်ရက် အားလပ်ချိန်မှာ ဖတ်ရှုရင်း နှလုံးသားအာဟာရကို ဖြည့်စွက်ကြပါစို့ စာချစ်သူများ ခင်ဗျာ။