ညသန်းခေါင်

လျှပ်ပန်းအိမ်

400 Kyats ကျပ်
ပရဆန်းကြယ် ဝတ္ထုကောင်းကောင်းလေးကိုမှ ဖတ်ရှုချင်တဲ့ ပရိသတ်တွေအတွက် မိတ်ဆက်ပေးချင်တာက လျှပ်ပန်းအိမ် ရေးသားတဲ့ ‘ညသန်းခေါင်’ ဆိုတဲ့ ဝတ္ထုလေးပါ။ ပရဆန်းကြယ်ဆိုပေမဲ့ တစ္ဆေသရဲ ဇာတ်လမ်းမျိုး မဟုတ်ပါဘူး။ ချောက်ချားရင်ထိတ်စရာ နာနာဘာဝတွေအကြောင်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးက ပရဆန်းကြယ် ခေါင်းစဉ်အောက်က စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေကို အခြေတည် ဖန်တီးထားတဲ့ လက်ရာကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သေခြင်းနဲ့ အသက်ရှင်သန်ခြင်းရဲ့ အကြား၊ သေလူနဲ့ ရှင်လူအကြား၊ ရုပ်နဲ့နာမ် ကွဲပြားခဲ့ပေမဲ့ မပြယ်နိုင်တဲ့ မိဘမေတ္တာ၊ မိသားစု သံယောဇဉ်တွေကို လှလှပပ ရက်ယှက်ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းလေးပါပဲ။ ကုမ္ပဏီတစ်ခုက မန်နေဂျာ ကိုမင်းအိမ်နဲ့ မြတ်တို့ ဇနီးမောင်နှံမှာ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက် ရှိတယ်။ တစ်နေ့ ကိုမင်းအိမ်တစ်ယောက် အလုပ်ကိစ္စနဲ့ ခရီးထွက်ရင်း … ညသန်းခေါင် တစ်ညမှာ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးတွေက သူတို့မိသားစုလေးကို မုန်တိုင်းပြင်းပြင်း တိုက်သလို မွှေနှောက်သွားတဲ့နောက်၊ ဘယ်လို ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲ ဆိုတာတော့ … ။