သရက်မောင်နှမနှင့် ကတုံးတစ္ဆေမ

လျှပ်ပန်းအိမ်(လားရှိုး)

200 Kyats ကျပ်
ဦးအောင်ဘတစ်ယောက် ချမ်းသာသလောက် ကပ်စေးကလည်း နည်းတယ်။ သူပိုင်တဲ့ ယာတွေကို အငှားမချပဲ ကိုယ်တိုင်ထွန်ယက်တယ်။ အလှူအတန်းဆိုလည်း လုံးဝ ၀င်မပါဘူး။ အလှူငွေ လုံးဝမထည့်။ ဦးအောင်ဘက ချမ်းသာပေမယ့် မိန်းမကိစ္စ ပွေရှုပ်တာမရှိတဲ့လူ။ ဒါပေမယ့် သူက အရက်တော့ တော်တော်ကြိုက်တယ်။ မိုးလင်းကတည်းက အရက်နဲ့မျက်နှာသစ်တယ်ဆိုတဲ့ လူစားမျိုး။ ဒီဇာတ်လမ်းရဲ့အစက ဦးအောင်ဘတစ်ယောက် သူ့ယာထဲက သရက်ပင်နှစ်ပင်ရဲ့ သရက်သီးတွေကို ကပ်စေးနည်းတာက စတာပဲ။ သရက်သီးတွေကို ကပ်စေးနည်းတဲ့ ဦးအောင်ဘတစ်ယောက် ယာထဲက ကောက်ရပြီး ဆံပင်မပါတဲ့ ဘိုမရုပ်တစ်ရုပ်ကို သရက်ပင်စောင့်အဖြစ် မူးမူးနဲ့ခန့်အပ်လိုက်တာက စတာပဲ။ အဲဒီလို ခန့်အပ်လိုက်တဲ့နေ့ကစပြီး သရက်ပင်ကြီးနှစ်ပင်ကြားထဲမှာ ခြေနှစ်ချောင်း တွဲလောင်းချပြီး ထိုင်နေတဲ့ အဖြုရောင်ဝတ်စုံနဲ့ ကတုံးမလေးတစ်ယောက်ပေါ်လာခဲ့အခါ