တစ္ဆေကိုယ်ဝန်

လျှပ်ပန်းအိမ်(လားရှိုး)

100 Kyats ကျပ်
ကိုလှဆောင်နဲ့ အေးရွှေတို့က သိပ်ချစ်ကြတယ်။ ကိုလှဆောင်ကလည်း ဗိုက်ကြီးသည်ဇနီးကို သစ်ခုတ်၊ ဝါးခုတ်နဲ့ ရှာကျွေးရှာတယ်။ အလုပ်လည်း အရမ်းကြိုးစားတယ်။ အေးရွှေကလည်း မယားဝတ္တရားကျေပွန်တော့ သူတို့နှစ်ယောက်က ရှေ့သွားနောက်လိုက်ညီတဲ့ လင်မယား ဖြစ်နေတော့တာပေါ့။ ဒီလိုပျော်ရွှင်စရာတွေ ပြည့်နေတဲ့အချိန်မှာပဲ ကံဆိုးမိုးမှောင်ကျလာတယ်။ ကိုလှဆောင် ပိုးထိပြီး ဆုံးသွားတာပါ။ နောက်တော့ ... အေးရွှေလည်း ကလေးမွေး၊ မုဆိုးမ ဖြစ်သွားတာပေါ့။ သိပ်မကြာပါဘူး၊ အေးရွှေကို သစ်စက်သူဌေး ကိုစိန်သောင်းက စိတ်ဝင်စားပါလေရော။ အေးရွှေလည်း ကလေးရှေ့ရေးတွေးပြီး ကိုစိန်သောင်းကို လက်ခံလိုက်တယ်။ ဇာတ်လမ်းက အဲဒီမှာ စတာပဲဗျ။ ကိုစိန်သောင်းကို လက်ခံပြီးနောက် ထူးထူးဆန်းဆန်းတွေ ဖြစ်လာတယ်။ သေသွားတဲ့ ကိုလှဆောင်ကြီးကို အိမ်ရှေ့မှာ မြင်မြင်နေရသတဲ့။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦးဗျာ။