ရင်ခုန်သံ အဓိပ္ပါယ်

လုံမ

700 Kyats ကျပ်
နိုင်ငံခြားသင်္ဘောလိုက်ရင်း အာရှနိုင်ငံတစ်ခုမှာ မြန်မာမိန်းကလေးတစ်ယောက်ကို ကူညီပေးရာက မတော်တဆ သဒ္ဓါလွန် တဏှာကျွန် ဖြစ်ခဲ့မိတဲ့ ဦးမင်းခေါင်တင်တစ်ယောက် မြန်မာပြန် ပြန်ရောက်လာတဲ့အခါမှာတော့ မိသားစုနဲ့ ပြဿနာတက်ပါတော့တယ်။ အငယ်အနှောင်းလို့ပဲ ဆိုဆို၊ မထင်မှတ်ဘဲ မှားခဲ့တဲ့ ဒီအမှားအတွက် ဦးမင်းခေါင်တင် တာဝန်ယူစိတ် ရှိခဲ့တယ်။ သမီးလေးနှစ်ယောက်နဲ့ ဇနီးသည်ကိုလည်း မစွန့်ပစ်ရက်၊ အမှားကိုလည်း တာဝန်ယူဖို့ပဲ တွေးခဲ့တဲ့ ဦးမင်းခေါင်တင်ရဲ့ နောက်ထပ် သမီးလေးတစ်ယောက်ကို မိသားစုက ဘယ်လို လက်ခံကြမှာလဲ။ ပန်တော်ဆင့်ဆိုတဲ့ ဒီမိန်းကလေးငယ်ရဲ့ဘဝက အဲဒီလို ပြဿနာတွေကြားမှာ ကြီးပြင်းခဲ့ရတာပါ။ ကဲ ... ပန်တော်ဆင့်ရဲ့ ဘဝနဲ့ နှလုံးသားအခြေအနေတွေကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦး။