ချစ်တဲ့ သခင်

လရောင်လင်း

အခမဲ့
ဇာတ်လမ်းဇာတ်အိမ် ခပ်ဆန်းဆန်းတွေကို သဘောကျတဲ့ သူတွေအတွက်ကတော့ ဒီစာအုပ်က စိတ်ကျေနပ်မှု အပြည့်အဝပေးမှာပါ။ စာအုပ်ထဲမှာ မန်သာဆိုတဲ့ သမန်းဝံပုလွေ။ သူကသူ့သခင်ကို နှစ်ရာနဲ့ချီအောင် ဒုက္ခခံပြီးစောင့်နေတယ်။ တစ်နေ့သူ သူ့သခင်နဲ့ တစ်ထေရာထဲ တူတဲ့လူကိုတွေ့လိုက်တယ်။ သူက ပယ်ဒယ်။ ပယ်ဒယ်ကလည်း စွမ်းအားတွေ တစ်ဖက်စွန်းရောက်နေတဲ့ သူ့ဆရာရဲ့စေခိုင်းမှုကြောင့် မန်သာကိုရှာနေတာ။ နောက်တစ်ယောက်က ယင်းပင်မှိုင်း။ သူကအဖေ၊ မိဒွေးနဲ့အတူနေရပေမယ့် အိမ်စေသာသာ နေရတဲ့ဘဝ။ ပြီးတော့ သူမက်တဲ့အိပ်မက်။ သမန်းဝံပုလွေတွေ အသတ်ခံရတဲ့အိပ်မက်၊ မီးဟုန်းဟုန်းတောက်နေတဲ့ မြင်ကွင်း။ သူရုပ်က ပယ်ဒယ်နဲ့တူသွားပြီး နန်းဆန်တဲ့ အဝတ်အစားတွေနဲ့မြင်ကွင်း ... အဲဒီအိပ်မက်တွေက ဘာတွေလဲ။ မန်သာနဲ့ ပယ်ဒယ်။ မန်သာနဲ့ ယင်းပင်မှိုင်း။ သူတို့တွေရဲ့ အတိတ်ဘဝမှာ ဘာတွေဖြစ်ခဲ့လဲ? လက်ရှိဘဝမှာရော ဘယ်လို စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်မလဲ ? အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ ဖတ်ကြည့်ကြဦးနော် !