NAMELESS PLAYBOY

လရောင်လင်း

300 Kyats ကျပ်
ဒီ Novel လေးကတော့ ဇာတ်နာနာနဲ့ စထားတယ် ပြောရမလားပဲ။ ကောင်လေးက Playboy No.1, သူက ပိုက်ဆံကို ကြိုးစားရှာတယ်။ အဓိက,ကတော့ စိတ်ရောဂါသည် သူ့အမေကြောင့်ပေါ့။သဘဝက ငယ်ငယ်လေးကတည်းက ဆိုးရွားခဲ့တယ်။ ကျောင်းဆိုတာကို မတက်ခဲ့ရဖူးဘူး။ အနှိပ်စက်ခံပြီး ကြီးပျင်းလာရတယ်။ ဒါပေမဲ့၊ သူ့မှာ စိတ်ကောင်းရှိတယ်။ ဒါကြောင့် မင်းခဆိုတဲ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ အသက်ကို သူကယ်ဖြစ်ခဲ့တာပဲ။ အစတုန်းကတော့ ... မင်းခက Playboy လေးကို ကျေးဇူးရှင်လို့ သတ်မှတ်ခဲ့တယ်။ နောက်မှသိလိုက်ရတာက၊ မင်းခရဲ့အဒေါ် ဝတ္တီခိုင် စွဲစွဲလမ်းလမ်းဖြစ်နေတဲ့ ကောင်လေးက အဲဒီ Playboy No.1 ဖြစ်နေတဲ့အခါ သူတို့နှစ်ယောက်ကြားထဲမှာ ကတောက်ကဆတွေ ဖြစ်လာတယ်။ ဒီကြားထဲမှာ သူတို့နှစ်ယောက်ကို ပိုပြီးနီးစပ်စေသူက Mr. Jack ဆိုတဲ့ လူဆိုးကြီးတစ်ယောက်ပဲ။ Mr. Jack က Playboy ကို ပိုင်ဆိုင်ချင်သလို မင်းခ ပိုင်တဲ့ပြတိုက်က ပန်းချီကားတစ်ချပ်ကိုလည်း လိုချင်နေတဲ့အကြံရှိတယ်။ ဒီတော့ သူတို့နှစ်ယောက်လုံးကို ဖမ်းဆီးခဲ့တယ်။ အဲဒီအချိန်ကစပြီး Playboy လေးနဲ့ မင်းခရဲ့တို့ရဲ့ဘဝက တမျိုးတဖုံ ပြောင်းလဲသွားတယ်။ နတ်သားတစ်ပါးလို ချောမောပြီး လူတွေကို သိပ်ကစားတတ်တဲ့ Playboy လေးတစ်ယောက်နဲ့ ငယ်ရွယ်ခန့်ညားတဲ့ လုပ်ငန်းရှင်တစ်ယောက်။ သူတို့နှစ်ယောက်ဟာ ဆန်းပြားတဲ့ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် တွေ့ဆုံရာကနေ ဘယ်လိုဇာတ်လမ်းမျိုး ဖြစ်ပေါ်လာမလဲ ? BL Lover တွေ လက်မလွှတ်သင့်တဲ့ ဝတ္ထုအသစ်တစ်ပုဒ်မို့ ဖတ်ကြည့်ဦးနော် !