အမှောင်ကမ္ဘာမှာ ရွာတဲ့အချစ်

လရောင်ဆူး

800 Kyats ကျပ်
မိဘတွေက အမုန်းတွေ ကင်းစင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးခဲ့တဲ့အမည်ရင်းက … မုန်းပန်း။ ဒါပေမဲ့ အမုန်းလို့ပဲ လူသိများကြတယ်။ အမုန်းဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် အမုန်းပန်းတွေ ပွင့်ဝေနေတဲ့ ဘဝကို ပိုင်ဆိုင်ထားသူ မုန်းပန်း။ မိခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့နောက်ပိုင်း နောက်မိန်းမထပ်ယူလိုက်တဲ့ ဖခင်ဖြစ်သူကြောင့် အမေနေရာမှာ မိထွေးအစားထိုးခဲ့ပေမဲ့ မိထွေးကို မိထွေးလို့ မမြင်ဘဲ မိခင်အရင်းလို ချစ်ခင်ခဲ့တဲ့ အကြင်နာ။ မုန်းပန်းနဲ့ အကြင်နာဆိုတဲ့ သူတို့ ညီအစ်မနှစ်ယောက်က မတူညီတဲ့ စိတ်ခံစားချက်၊ မတူညီတဲ့ အကျင့်သဘာဝတွေနဲ့ အတူတူ ရှင်သန်ခဲ့ကြတာပါ။ ဒီလို ကွဲပြားခြားနားတဲ့ အမူအကျင့်၊ စိတ်သဘောထားတွေနဲ့ ညီအစ်မနှစ်ယောက်ရဲ့ ဘဝထဲ ဇုန်ဆိုတဲ့ ကောင်လေးတစ်ယောက် ဝင်ရောက်လာချိန်မှာတော့ … အမှောင်ကမ္ဘာမှာ ရွာတဲ့အချစ် ဆိုတဲ့ အချစ်နဲ့ အိမ်ထောင်ရေး ဇာတ်လမ်းတစ်ပုဒ် ဘယ်လို ပေါ်ပေါက်လာမလဲ ဆိုတော့ … ။