အသက္ထက္မက

လရောင်ဆူး

700 Kyats ကျပ်
မင်းမာန … မိဘတွေ ကွယ်လွန်သွားပြီးကတည်းက ကုမ္ပဏီလုပ်ငန်းကို ဦးစီးလုပ်ကိုင်ပြီး အပြိုင်အဆိုင်များတဲ့ စီးပွားရေးလောကထဲမှာ ကျားတစ်ကောင်ဖြစ်ခဲ့တဲ့ လူငယ်သူဌေးတစ်ဦး။ နာမည်နဲ့လိုက်အောင် မာနကြီးပြီး ပြတ်သားတတ်တဲ့ သူ။ သံသာချို … ပိုက်ဆံသာ ဆင်းရဲပေမဲ့ မဟုတ်မခံတတ်တဲ့ မာနနဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေရှိတဲ့ မိန်းကလေးတစ်ယောက်။ အဲဒီနေ့က မင်းမာနရဲ့ ကုမ္ပဏီမှာ ငွေကြေးအလွဲအချော် ဖြစ်သွားခဲ့တယ်။ မန်နေဂျာ ဦးသောင်းဟာ ရိုးသားသူ ဖြစ်ပေမဲ့ သူ့တာဝန်မကင်းသလို ဒီငွေကိစ္စက သူခိုးတယ်လို့ အားလုံးက အထင်မှားကြတဲ့အခါ အရှက်ကို အသက်နဲ့လဲမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ဦးသောင်းမှာ သမီးတစ်ယောက် ရှိတယ်။ တခြားသူ မဟုတ်ပါဘူး။ မာနခဲမလေး သံသာချိုပါပဲ။ မင်းမာနဟာ သူ့အလုပ်က ဝန်ထမ်းဖြစ်တဲ့ ဦးသောင်းရဲ့ အသုဘအတွက် ကိုယ်တိုင်သွားပြီး ငွေကြေးကူညီခဲ့ပေမဲ့ သံသာချိုနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ မကျေလည်စရာ အတိတ်ပြဿနာတွေက ရန်သူတွေလို ဖြစ်သွားစေခဲ့ပါတယ်။ ဒီနောက်မှာတော့ …