အပိုင်ရမှဖြစ်မယ်

လရောင်ကျူးရင့်

900 Kyats ကျပ်
အသေသတ်သွားလိုက် ဖွေး … မင်း သတ်ခဲ့တယ်ဆိုတာ လုံးဝလက်သည်မပေါ်စေရဘူး၊ နောက်ထပ်တစ်ခု ပြောမယ် … မင်းအချစ်ကို ငါမရဘဲ ငါ မဟုတ်တဲ့ သတို့သားနေရာကို ငါ ဘယ်တော့မှ ဝင်ထိုင်မှာ မဟုတ်ဘူး ရော့ … ယူ … ” ဆိုတဲ့ … ခပ်ကြမ်းကြမ်း ဇ။ “ဖွေးရဲ့ အချစ်ကို အလျော်အစားတစ်ခုအဖြစ် မပေးလိုက်နိုင်လို့ပါ၊ ရှင့်ကို ငြင်းခဲ့မိတာလည်း တိတ်တိတ်လေး ချစ်နေမိတဲ့ ကိုယ့်နှလုံးသားကို အထင်မြင်သေးသွားမှာ စိုးရိမ်လို့ပါ၊ ဖွေး လေ … စပြီး မျှော်လင့်မိတဲ့အချိန်တည်းက ရှင် မျိုသိပ်နိုင်ခဲ့တာကို မချင့်မရဲ ဖြစ်ရသလို ရှက်လည်းရှက်တယ်၊ ရှင်တောင်မှ မဖြစ်သင့်ဘူးထင်လို့ မချစ်မိအောင် ထိန်းခဲ့တယ်” ဆိုတဲ့ ချစ်ကံဆိုးခဲ့သူလေး ဖွေး။ ဒီဇာတ်လမ်းမှာ ဇနဲ့ ဖွေးတို့ တွေ့ခဲ့ဆုံခဲ့ပုံတွေက စိတ်ဝင်စားစရာပဲဗျ။ ရည်းစားနောက်ကို စွန့်စွန့်စားစား လိုက်ခဲ့တဲ့ ဖွေးတစ်ယောက် အမှောင်နယ်မြေမှာ ဒုက္ခတွေ ပင်လယ်ဝေခဲ့ချိန် ဇဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့တဲ့နောက်မှာ …