အချစ်ဖြင့်ရေးသော အနားသတ်မျဉ်းတစ်ကြောင်း

လရောင်ကျူးရင့်

900 Kyats ကျပ်
... “စီးပွားဥစ္စာဆိုတာ အလကား ပညာတတ်ထားတာကမှ တကယ်ကိုယ်ပိုင်တာ” “ပညာဆိုတာ သင်တဲ့ပညာပါသမီးရာ ဖတ်ချင်ကျက်ချင်တဲ့ စိတ်နဲ့ ကြိုးစားရင်ရတာပဲ စီးပွားရေး ဦးနှောက်ပါဖို့ဆိုတာကမှ မလွယ်တာ။ အဲဒါကမှ တကယ့်ပညာအစစ် သင်လို့တတ်တာက သင်ညာသမီးရဲ့” အမေကတစ်မျိုး အဖေက တစ်ဘာသာ၊ ဒီထဲကနေ မြတ်က သေချာမြင်တတ်အောင် ကြိုးစား၍မျှမျှတတ ဖဲ့ထုတ်ကြည့်ခဲ့သည်။ ပညာတွေတတ်ပြီး ပညာဂုဏ်မောက်နေတာဟာလည်း မကန်းဘဲ မမြင်ရတဲ့လူလို တကယ့်အလင်းရောင်ကို မရနိုင်။ ချမ်းသာပြီး ဆင်ခြင်တွေးခေါ်နိုင်မှု မရှိတော့ရော ဘာထူးလို့လဲ။ ဘာမဆို မတော်လောဘမထားတာ အကောင်းဆုံး။ မြတ် အတ္တကင်းစင်အောင် ကြိုးစားခဲ့သည်။ ပြီးခဲ့သမျှကို ပိုင်းခြားသုံးသပ်ပြီး စွန့်ပစ်လိုက်ဖို့နောက်မှာ အားလုံးနှင့် သင့်တင့်အောင် ပေါင်းသင်းနေထိုင်ခဲ့သည်။“သမီးရယ် အားမငယ်ပါနဲ့ တကယ်တော့ ခြံနဲ့တိုက်ကို ကိုတင်ထွန်းက ရောင်းခဲ့တာမဟုတ်ဘူး၊ သူတို့သက်သက် အပိုင်စီးထားတာ သက်သေမရှိပေမယ့် အဲဒါလူတိုင်းသိနေတာပါ သမီးတစ်နေ့နေ့မှာ ဒီကိစ္စတွေကို ပြန်ဖော်ပြီး ကိုယ့်မိဘအမွေ ကိုယ်ပိုင်နိုင်အောင် ကြိုးစားရမယ်” “ဟုတ်တယ် သမီး ကိုတင်ထွန်း အဲဒီလိုဖြစ်သွားလောက်အောင် မမွဲဘူး ကလေးရှေ့ရေးရှိတဲ့ဟာကို သူတို့ကို ထိုးလျော်ခဲ့ပါ့မလား တကယ်အပ်ခဲ့တာက ဒီမှာအတူလာနေကြပြီး သမီးကို စောင့်ရှောက်ပေးဖို့ဖြစ်မှာ၊ ကိုဇော်တို့က ဒီအိမ်တွင်းရေးကိစ္စတွေအပေါ် ခုတုံးလုပ်ပြီး သက်သက်အပိုင်စီးသွားတာ သေချာတယ်၊ ဒါပေမဲ့ ဒီကိစ္စမျိုးက အမှန်တရားရှိနေတာကို ဖျောက်လို့မရဘူး သမီးမှာ အရေးဆိုခွင့်ရှိတယ်။ မလိုချက် မမက်မောလည်း မိဘအမွေဆိုတာ ထိန်းသိမ်းဖို့ ဝတ္တရားပဲ” ဒေါ်မော်လွင်နဲ့ ဦးအောင်တို့က မြတ်ရဲ့ ဒုတိယမိဘတွေဆိုလည်း မမှားပါ။ နှုတ်ဖြင့်ကော လက်နဲ့ပါ အများကြီး ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်။ အိမ်ခြံမြေကိစ္စကို ပြန်ရဖို့ ကြိုးစားဖို့ တိုက်တွန်းခဲ့ကြတာလည်း တခြားစိတ်နဲ့မဟုတ်ဘဲ သူမပိုင်ဆိုင်နေခဲ့တာကို အမှန်အတိုင်း ပြန်ဖြစ်ဖို့သာဖြစ်၏။ ဒီစာအုပ်ကို *၆၀၀* ကျပ်နဲ့ ဖတ်ရှုနိုင်ပါပြီ။