မင်းမကြည့်လို့ မသိတာပါ

လရောင်ကျူးရင့်

900 Kyats ကျပ်
ဟောလိဝုဒ်အက်ရှင်တွေကို ကြိုက်နှစ်သက်ကြသူတွေအတွက် အရသာတွေ့မယ့် ဇာတ်လမ်းတစ်ခုပါပဲ။ အရိပ်မဲ့ဆိုတဲ့ ခပ်ကြမ်းကြမ်းဇာတ်ကောင်ရဲ့ လူဆိုးလူမိုက်တွေနဲ့ ပညာပြိုင်ခန်းတွေက ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေနဲ့ အသားကျထားသူတွေ အတွက်လည်း အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ချောမောလှပတဲ့ သဘာဝရဲ့ သမီးပျိုလေး။ သူ့အလှက ရင်သပ်ရှုမောဖွယ်ကောင်းတယ်။ ပြီးတော့ ဖြူစင်လန်းဆန်း တယ်။ ဒီလိုမိန်းမပျိုလေးတစ်ယောက်ဟာ ကံဆိုးစွာပဲ မျက်စိအမြင်အာရုံ မရှိရှာဘူး။ ပြုစားခံထားတာကြောင့် ဆေးဝါးကုသ နေရတဲ့အဖြစ်။ ဒုစရိုက်သမားတွေနဲ့ ပြေးတန်းလိုက်တမ်းကစားရင်း တစ်နေ့မှာတော့ အရိပ်မဲ့ဟာ မျက်ထားညိုဆိုတဲ့ ထိုဝင်းဝင်းစက်စက်လှ သူလေးနဲ့ တောတွင်းတစ်နေရာမှာ ဆုံတွေ့လိုက်ကြတဲ့အခါ။ အချစ်ဟာ ဘယ်အရာကိုမဆို ပြောင်းလဲသွားအောင်၊ ရဲဝင့် ရင်ဆိုင်ဖို့ သတ္တိတွေ ပေါက်ဖွားလာအောင် မွေးဖွားပေးပါလေသလား။ စာဖတ်သူ အကြိုက်တွေ့သွားပါလိမ့်မယ်။