မင်းစဉ်းစားကြည့်

လရောင်ကျူးရင့်

900 Kyats ကျပ်
လူသုံးဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးက အဝေးပြေးလမ်းမအတိုင်း ကားလေးက တရိပ်ရိပ်ပြေးနေတယ်။ ကားပေါ်မှာ ပါလာကြတာက ငယ်ငယ်လှလှ အမျိုးသမီးလေးနှစ်ဦးနဲ့ ကလေးငယ်တစ်ဦး။ ကားမောင်းနေတဲ့ အမျိုးသမီးရဲ့ မျက်နှာပေါ်မှာ ပူပန်ရိပ်တွေ အပြည့်။ ဒီမိန်းကလေးနာမည်က ပိုက်။ ခင်ပွန်းဖြစ်တဲ့ ညီ စိတ်ဆိုးပြီး အိမ်ကဆင်းသွားလို့ သူငယ်ချင်းနဲ့ မွေးစားသားကလေးကို အဖော်ခေါ်ပြီး နယ်မြို့လေးဆီ လိုက်လာခဲ့တဲ့ ပိုက်။ တကယ်တော့ ပိုက်က စာဆိုညီလို့ခေါ်တဲ့ ညီကို ရူးမတတ် ချစ်နေရသူ။ လက်ထပ်ခဲ့ကြပြီးပေမဲ့ ညီက ပိုက်ကို မချစ်ဘူးလို့ ပိုက်က ထင်နေတာ။ ဒီခံစားချက်က အခုမှ မဟုတ်ဘူး။ ကျောင်းတုန်းကတည်းကပါပဲ။ ညီ့ကို ချစ်လွန်းလို့ ပိုက်က စခဲ့ရတာမျိုး။ အခု လက်ထပ်ပြီးနောက်မှာလည်း စိတ်သဘောချင်း မသင့်မြတ်ကြတဲ့ ပိုက်နဲ့ ညီအတွက် ချစ်ခရီးလမ်းက မဖြောင့်ဖြူးပါဘူး။ ဒီခရီးအဆုံးမှာ ပိုက်ရဲ့ ချစ်ခြင်းတွေကို ညီတစ်ယောက် နားလည်နိုင်ပါ့မလား၊ ပိုက်ကရော ညီ့ကို သည်းခံပြီး ဆက်ချစ်နိုင်ပါ့မလား၊ ဒီနယ်မြို့လေးရဲ့ ခရီးစဉ်မှာ ဘယ်လို အရှုပ်အထွေးတွေက သူတို့ဘဝထဲ ဝင်ရောက်လာလေမလဲ ဆိုတာတော့ …