ဖက်ဖူးရောင်နှင်းဆီ

လရောင်ကျူးရင့်

900 Kyats ကျပ်
...“ကလေးကို တိရစ္ဆာန်တွေ ဘာတွေနဲ့ မနှိုင်းပါနဲ့ သားရယ်၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကားကို မိဘက စပြောနေရင်း ကလေးက ဘယ်လိုလုပ်ဆင်ခြင်တော့မှာလဲ။ ဒီကလေးဟာ ငယ်စဉ်ကတည်းက သားရဲ့မျက်နှာကိုပဲ ကြည့်နေခဲ့တဲ့ကလေး၊ ဘယ်သူ့အပေါ်မှာပဲဆိုးဆိုး သားအပေါ်မဆိုးဘူး၊ ဘယ်သူ့နား ဖြစ်ဖြစ် သူမကပ်ဘူး၊ လေးစားတယ်၊ တကယ်တော့ ကလေးရဲ့မေတ္တာစိတ်က သား ဘာပြောပြော ဘယ်လိုဆူဆူ နားလည်ကျေနပ်နေတာပါ” သူ့မျက်နှာ ချာခနဲလှည့်လာသည်။ “ကလေးက နားလည်တယ်ဆိုတော့ ကျွန်တော်ကပဲ တစ်ဖက်သတ်ဆိုးနေတာပေါ့” “ဒီလိုမဟုတ်ပါဘူး၊ ကလေးဟာ ဒီအရွယ်လေးကတည်းက ရက်စက်တင်းမာမှုတွေ၊ ဆူပူနှိမ့်ချ သံတွေနဲ့ပဲ ဆက်လက်ကြီးပြင်းသွားခဲ့ရင် နှလုံးသားဒဏ်ရာ ရသွားလိမ့်မယ်၊ မေမေပြောချင်တာ အဲဒါပဲ” “ဒဏ်ရာတွေက အဲဒီကလေး မမွေးခင်ကတည်းက ရက်စက်တင်းမာမှုတွေ၊ ဆူပူနှိမ့်ချသံတွေနဲ့ပဲ ဆက်လက်ကြီးပြင်းသွားခဲ့ရင် နှလုံးသားဒဏ်ရာ ရသွားလိမ့်မယ်၊ မေမေပြောချင်တာ အဲဒါပဲ” “ဒဏ်ရာတွေက အဲဒီကလေး မမွေးခင်ကတည်းက ရှိခဲ့ကြတာပဲ၊ ကိုယ့်သွေးကိုယ့်သားမို့လို့၊ မဟုတ်ရင် လေတင် လေအောက်တောင် ဖြတ်မလျှောက်ဘူး” “သားရယ်” ဒေါ်သဲနှစ်မျက်နှာ အကြီးအကျယ် အိုစာသွားလေသည်။ ပြောလေခက်လေပါလား ဟူသော အတွေးနှင့် သက်ပြင်းချရင်း ခေါင်းခါသည်။