ပန်းနုရောင်လွင်ပြင်

လရောင်ကျူးရင့်

900 Kyats ကျပ်
ညီမျှခြင်းနဲ့ သံတော်ဆင့်တို့က အချစ်ဆုံး ငယ်သူငယ်ချင်းတွေပါ။ ပြည့်စုံကြွယ်ဝတဲ့ မိဘ အသိုင်းအဝိုင်းကနေ ဆင်းသက်လာကြတာချင်းတော့ တူကြပေမယ့် ခြင်းနဲ့ ဆင့်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က စိတ်သဘောထားတော့ မတူကြပါဘူး။ ညီမျှခြင်း ဆိုတဲ့ ခြင်းက ယောက်ျားလေးပေမဲ့ အားငယ်တတ်၊ ကြောက်တတ်၊ အရှုံးပေးတတ်တဲ့ ခပ်ပျော့ပျော့ ကောင်လေး။ ဆင့်ကတော့ ဆန့်ကျင်ဘက်ပဲ။ မိန်းကလေးပေမဲ့ စီခနဲဆို သူက ရှေ့ရောက်နေပြီ။ ဘယ်လိုပဲ မတူညီတဲ့ အကျင့်သဘာဝတွေ ရှိရှိ၊ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကတော့ တစ်စထက်တစ်စ ခိုင်မြဲလာခဲ့တာပါပဲ။ ဆယ်တန်းအောင်ပြီး တက္ကသိုလ် ရောက်တဲ့အခါမှာတော့ ညီမျှခြင်းနဲ့ သံတော်ဆင့်တို့ သူငယ်ချင်းနှစ်ယောက်ကြားထဲ အချာ ခေါ် သင်္ချာဗိုလ် ဆိုတဲ့ ခပ်ဂျစ်ကန်ကန် ကောင်လေးတစ်ယောက် ရောက်ရှိလာတဲ့နောက်မှာ၊ ယောက်ျားဆန်တဲ့ သင်္ချာဗိုလ်နဲ့ ခင်မင်ရတဲ့ သူငယ်ချင်း ညီမျှခြင်းတို့အကြား သံတော်ဆင့်ရဲ့ နှလုံးသား၊ ဘယ်သူ့ထံပါး အလေးသာမလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဇာတ်အိမ်ခိုင်ခိုင်၊ အရေးအသား ညက်ညက်ညောညောနဲ့ အချစ်ဝတ္ထုကောင်းကောင်းကိုမှ ခံစားဖတ်ရှုချင်တယ် ဆိုရင်တော့ ဒီစာအုပ်ကို လက်လွှတ်ခံလို့ မဖြစ်ပါဘူးနော်။