တို့နှစ်ယောက်ရဲ့ဒဏ္ဍာရီ

လရောင်ကျူးရင့်

900 Kyats ကျပ်
>> သူ့နာမည်က လူချမ်းသာ။ နာမည်အတိုင်းတော့ သူကမချမ်းသာရှာဘူး။ စားစရာရှိရင်စားတယ်၊ စားစရာမရှိရင် ရေသောက်ဗိုက်မှောက်နေရတဲ့လူ။ သူ့အိမ်နားက ဗေဒင်ဆရာယောင်ယောင်ကတော့ ဒီနှစ်ကျော်တာနဲ့ မင်းလောင်းရထားဆိုက်ကိန်း ရှိတယ်လို့ သူ့ကိုပြောတယ်။ မင်းလောင်းရထားဆိုက်မဆိုက်တော့ မသိပါဘူး။ ခုတော့ သူ့မှာ ငတ်ငတ်ပြတ်ပြတ်ရယ်။ >> ဒီလို ငတ်ပြတ်နေတဲ့သူ့ဆီကို ဘာရထားဆိုက်သလဲတော့ မသိဘူး။ သုခစီဆိုတဲ့ ရေမျောကမ်းတင် ကောင်လေးတစ်ယောက် ရောက်လာတယ်။ ဒါတင်လားတော့မဟုတ်။ အရူးမလေးတစ်ယောက်လည်းသူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတယ်။ ဒီလိုဆင်းရဲ လူချမ်းသာနဲ့ သူဆီကိုရောက်လာတဲ့ လူနှစ်ယောက်ရဲ့အနာဂတ်မှာ ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လိုကံကြမ္မာတွေကို ကျော်ဖြတ်သွားကြမလဲ ? ခပ်ဆန်းဆန်း ဇာတ်လမ်းမို့ ဖတ်ကြည့်လိုက်ဦးနော်!