ဇာတ်လိုက်က ကျွန်တော်

လရောင်ကျူးရင့်

900 Kyats ကျပ်
ဆောင်းကာလ၊ သားချစ် နဲ့ ဒီဒေး။ သူတို့သုံးယောက်က စတိတ်ကျောင်းသားဘဝ ကတည်းက သူငယ်ချင်းတွေ။ ဆောင်းကာလနဲ့ သားချစ်က အရင်ခင်တာ။ ပြီးမှ ဒီဒေး။ နောက်မှသိလိုက်ရတာက၊ ဒီဒေးက ဆောင်းကာလကိုချစ်နေလို့ သူတို့ကို လာကပ်တယ်ဆိုတာပဲ။ ခက်တာက၊ ဒီဒေးဟာ မိုက်တိမိုက်ကန်း၊ ဂျစ်ကန်ကန်နေတတ်တဲ့ လူမျိုး။ “ဒီဇာတ်လမ်းမှာ ငါက ဒဿ၊ ငါကရာမပဲ” လို့ သားချစ်ကို ကြိမ်းဝါးတဲ့သူ။ သားချစ်ကလည်း ဆောင်းကာလကို သူငယ်ချင်းလေးလို မချစ်ချင်တော့ပေမယ့် မပြောရဲ၊ မဆိုရဲလောက်အောင် အနေအေးတဲ့ လူစားမျိုး။ ဆောင်းကာလကလည်း လက်ရှိမှာ အချစ်ရေးကို စိတ်မဝင်စား၊ မိဘစီးပွားရေးကို ထူထူထောင်ထောင်ပြန်ဖြစ်လာအောင် ကူညီပေးဖို့ပဲ စိတ်ရှိတာာ။ ကဲ၊ သူတို့သုံးယောက်ရဲ့ ဇာတ်လမ်းမျိုး မဖတ်ဖူးသေးဘူးဟုတ် ?