ချစ်သူ့ရာဇဝင်

လရောင်ကျူးရင့်

900 Kyats ကျပ်
အိမ်အသစ်ပြောင်းရင်ပဲဖြစ်ဖြစ်၊ အိမ်အနီအးနားကို မိသားစုအသစ် ပြောင်းလာရင်ပဲဖြစ်ဖြစ် အသိအမှတ်ပြုတဲ့အနေနဲ့ လောကွတ်ပြုတတ်ကြတာ ဓမ္မတာပဲ မဟုတ်လား။ ဒါပေမဲ့ပေါ့၊ နန်းမဟာအိမ်ကြီးမှာနေတဲ့ လူတွေကတော့ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ သီးသန့်နေကြတယ်။ ခြံအုတ်တံတိုင်းကိုတောင် ခပ်မြင့်မြင့် ကာထားကြတာ။ အဲဒါကို ဘေဘီ ဆိုတဲ့ ကောင်မလေးက အရမ်း စိတ်ဝင်စားသွားလေရဲ့။ သူက သိခွင့်မရှိတဲ့ အရာတွေဆို ပိုသိချင်တယ်။ တကယ်ဆို အဲဒီအိမ်အကြောင်း သိချင်စိတ်က သူ့ကို အကြီးအကျယ် ဒုက္ခရောက်စေလိမ့်မယ်ဆိုတာ သူ မသိခဲ့ရှာပါဘူး