ကောင်မလေးရဲ့ ဖူးစာရှင်

လရောင်ကျူးရင့်

900 Kyats ကျပ်
မုဆိုးကြီး ဦးမြင့်အောင်ရဲ့ သားသုံးယောက်ဖြစ်တဲ့ သာယာအောင်၊ တေးချိုနဲ့ စာသားညီဆိုတဲ့ ညီအစ်ကိုသုံးယောက်ထဲမှာ အငယ်ဆုံးသား စာသားညီက မြို့မှာ တက္ကသိုလ်တက်၊ ဘွဲ့ယူပြီးမှ အစိုးရအလုပ်တွေကို စိတ်မဝင်စားဘဲ ဇာတိရွာမှာ တောမုဆိုး လမ်းပြအလုပ် လာပြန်လုပ်နေသူ။ မဟာမြိုင်စံအိမ်ကြီးရဲ့ မိသားစုအရှုပ်အထွေး၊ အမွေဆက်ခံမှု ပြဿနာတွေကြားထဲက ယုန်သူငယ်မလေး ‘ပုလဲအိမ်’။ မဟာမြိုင်စံအိမ်ရဲ့ အမွေထိန်း ဦးရာဇရဲ့ မွေးစားသား ခေတ်ဦးနဲ့ ပုလဲအိမ်တို့ကို နီးစပ်ဖို့ ဦးရာဇ ကြိုးစားခဲ့ပေမဲ့ မဟာမြိုင်ရဲ့ အရှုပ်ကိစ္စတွေကြားထဲ စာသားညီဆိုတဲ့ ဂျစ်ကန်ကန် လူတစ်ယောက် မထင်မှတ်ဘဲ ရောက်လာတဲ့အခါ ဘယ်လို စိတ်ဝင်စားစရာတွေ ဖြစ်လာလေမလဲ။ ဦးရာဇတို့လူစုရဲ့ တောတွင်းအမဲပစ်ခရီးစဉ်မှာ လမ်းပြအဖြစ် ဦးမြင့်အောင်ကို လာငှားပေမဲ့ တောဝက်အပက်ခံထားရတဲ့ ဦးမြင့်အောင်တစ်ယောက် တောထဲ မလိုက်နိုင်တာမို့ သားငယ် စာသားညီက တာဝန်ယူခဲ့ပါတယ်။ လောဘ၊ အတ္တ၊ မနာလိုမှု၊ ပိုင်ဆိုင်လိုမှု … စတဲ့ လူတွေရဲ့ စိတ်သဘာဝတွေကို ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ သရုပ်တွေနဲ့ ဖော်ထုတ်ထားပြီး မဟာမြိုင်စံအိမ်ကြီးရဲ့ အိမ်တွင်းရေး အရှုပ်တော်ပုံတွေကြားက စွန့်စားခန်းတွေ၊ လျှို့ဝှက်သည်းဖို ဖြစ်ရပ်တွေ၊ ပြင်းရှနွေးထွေးတဲ့ ချစ်ခြင်းဖွဲ့ ရင်ခုန်သံတွေနဲ့ ပြည့်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်။ ဇာတ်ကောင်အင်အား များများ၊ ဇာတ်အိမ်ကြီးကြီး၊ ဇာတ်ကွက်အလှည့်အပြောင်း လျှို့ဝှက်ချက်တွေ ပြည့်နေတဲ့ ဒီဇာတ်လမ်းက ဆရာမလရောင်ကျူးရင့်ရဲ့ ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် စာအုပ်ပါပဲ။