နွားရိုင်းသွင်းချိန်

လူအေး(စကု)

200 Kyats ကျပ်
အချို့တောရွာဓလေ့တွေက ထူးဆန်းတယ်နော်။ တစ်ရွာနဲ့တစ်ရွာလည်း ဓလေ့တွေ တူလေ့မရှိကြဘူး။ ဒီစာအုပ်ထဲမှာဆိုရင် မဟာမြိုင်တောကြီးမှာရှိတဲ့ သဖန်းတောရွာလေးရဲ့ ထူးဆန်းတဲ့ဓလေ့တွေအကြောင်း ပြောပြထားတယ်။ အဲဒီရွာက လယ်ယာလုပ်ငန်း မလုပ်ကိုင်တဲ့ကာလဆိုရင် ရွာထဲမှာရှိတဲ့ ကျွဲတွေနွားတွေကို တောထဲမှာ တစ်နှစ်ပတ်လုံးလွှတ်ထားလေ့ရှိတယ်။ လယ်ယာထွန်ယက်ချိန်ရောက်မှ ကျွဲနွားတွေကို တောထဲကနေ ပြန်ခေါ်ကြတာ။ အဲဒီအခါ၊ တချို့နွားတွေမှာ အပမှီလာတာကို မသိဘဲ ရွာထဲသွင်းမိလို့ တစ်ရွာလုံး ဒုက္ခရောက်ကြရတဲ့အကြောင်း ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာပါဗျ။