နတ်မိမယ်လား သူယောင်လား

လူအေး(စကု)

500 Kyats ကျပ်
ရေနံရှာဖွေရေးအဖွဲ့တွေထဲမှာ ကိုနိုင်လင်းတို့ အဖွဲ့က G6 အဖွဲ့။ နှစ်ယောက်တစ်တွဲ တွဲပြီးအလုပ်လုပ်ကြတော့ ကိုနိုင်လင်းနဲ့ ရှမ်းတိုင်းရင်းသားအိုက်ခမ်းက အသက်အငယ်ဆုံးအတွဲ။ တဇွတ်ထိုးတဇောက်ကန်း အလုပ်ဆုံးအတွဲ။ ဒီအတွဲကိုမှ မစ္စတာကျုံကျင်းနီက သဘောကျနှစ်ခြိုက်ပြီး ကေဘယ်ကြိုးတွေခင်းဖို့ သက်ဆိုင်ရာ ပွိုင့်တွေဆီကို ထွက်ခွာကြမယ့် ကိုနိုင်လင်းတို့အဖွဲ့နဲ့ လေ့လာရေးလိုက်ခဲ့ပါတယ်။ ပြဿနာက ပွိုင့်တောင်ကုန်းပေါ်ကနေ ကေဘယ်ခင်းပြီး အပြန်မှာ ဖြစ်ပါတယ်။ တောင်အောက်စမ်းချောင်းထဲမှာ မျောက်လွှဲကျော်ကြီးတွေ ရေကစားနေတာကို မြင်ရတယ်။ စပါးအုံးမြွေကြီးတွေ၊ မျောက်ကြီးတွေ၊ တောတိရစ္ဆာန်တွေနဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို သူတို့လူစု ကြုံရတဲ့နောက်မှာတော့ …