မြို့တစ်မြို့

လူနေ

700 Kyats ကျပ်
ဒါကတော့ လုံးဝ ခေါင်းစားစရာ ဇာတ်လမ်းပါပဲ။ နာမည်ကိုက မြို့တစ်မြို့တဲ့လေ။ ပဟေဠိဆန်ဆန် ဇာတ်လမ်း ကြိုက်သူတွေကတော့ လုံးဝ သဘောတွေ့မှာ သေချာတယ်။ အဲ့ဒီ မြို့မှာ အချိန်မှန်တဲ့ နာရီစင်ကြီး တစ်ခု ရှိတယ်။ နာရီစင်ကြီးဘေးမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိတယ်။ မြို့ရဲ့ အရှေ့ဖက်ပိုင်းမှာက ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ ကျောင်းထိုင်ဘုန်းကြီး တစ်ပါး ရှိတယ်။ မြို့လေးကို လူစိမ်းဧည့်သည် လာခဲတော့ မြို့လေးမှာ တည်းခိုခန်း လုံးဝ မရှိဘူး။ ဧည့်သည် လာခဲ့ရင်လည်း ဘုန်းကြီးကျောင်းမှာပဲ တည်းရမယ် ဆိုပြီး ကျောင်းထိုင် ဆရာတော်က စည်းကမ်း သတ်မှတ်ထားသေးတယ်။ ဘုန်းကြီးကျောင်းအပြင် ထူးထူးဆန်းဆန်း စည်းကမ်းတွေနဲ့ ကျောင်းတစ်ကျောင်း ရှိတယ်။ ကျောင်းလာတက်ရင် အစောင့် ဆရာတစ်ယောက်ဆီမှာ ကိုယ်ပိုင် အတွေးအခေါ် ဒဿန တစ်ခုခုကို ရေးခဲ့ရတယ်။ မရေးရင် ကျောင်းထဲ မဝင်ရဘူး။ ကဲ၊ အဲ့ဒီလို ခပ်ဆန်းဆန်း အခြေအနေတွေနဲ့ မြို့လေးကို ဂယက်ရိုက်သွားစေမယ့် လူငယ်လေးတစ်ယောက် ရောက်လာခဲ့တယ်။ ဘာတွေ ဖြစ်ကုန်မယ် ထင်သလဲ ? တချို့ကတော့ ဖတ်ဖူးကြမှာပါ။ ဖတ်ဖူးရင်လည်း ပြန်ဖတ်ကြည့်နော်။ ဇာတ်လမ်းက ရိုးမသွားဘူး။ ဖတ်လို့ကောင်းတုန်းပဲ။