ခေးရယ်

လူနေ

700 Kyats ကျပ်
နွယ်မရှိတော့၍ လွင့်ပါးအဓိပ္ပါယ်မဲ့နေသော တီတူးကို နွယ်ထားခဲ့သည့် စာကလေးတွေက တွဲထူလိမ့်မည် ။ လမ်းပြလိမ့်မည် ။ ထိုစာလွှာလေးတွေမှာ နွယ့်ဝိညာဉ်၊ နွယ့် အခိုးအငွေ့တွေ ကပ်ငြိနေလိမ့်မည် ။ ထို နွယ်စီစဉ်ထားသော စာလွှာလေးတွေကြောင့် နွယ်အနီးနားရှိနေသယောင် တီတူးထင်ယောင်လာရသည် ။ နွယ်သည်ထိုသို့ တော်လွန်းသိတတ်လွန်းသော မိန်းမသားဖြစ်ပါသည် ။ နောက်ဆုံး နွယ်သေဆုံးခဲ့ပေမယ့် ဘယ်လောက်ပညာသားပါပါ ကိုယ့်ချစ်သူရှေ့ရေးအတွက် စနစ်တကျစီစဉ်ပေးခဲ့သလဲကို စာအုပ်ထဲတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည် ။ ထိုစာအုပ်ထွက်စဉ်ခါက " ခေး " ဆိုသည့် စကားလုံးပင် ယခုလောက် လူသုံးမပေါများသေးနိုင်ပါ ။ ထိုဝတ္ထုထဲမှ ခေး က ဘယ်သူလဲ ၊ ဘယ်အချိန်မှာပေါ်လာမလဲကိုလည်း စာဖတ်သူများပဲ စာအုပ်အတွင်းထဲမှာ ရှာဖွေကြည့်စေချင်ပါတယ်။