အချစ်ဆိုင်

လူနေ

600 Kyats ကျပ်
ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ကော်ဖီနဲ့ အသည်းပုံစံ မုန့်တွေပဲ ရနိုင်တဲ့ ဆိုင်ဖြစ်ပြီး အဲဒီိဆိုင်မှာ ချစ်သူစုံတွဲတွေသာ ထိုင်ကြပါတယ်။ နေရာထိုင်ခင်း လွတ်လပ်မှုရှိသလို သီးသန့်ဆန်တဲ့အတွက်ကြောင့် အတွဲတွေ သဘောကျတဲ့ ဆိုင်ကလေးပေါ့။ တစ်ခုကောင်းတာက အဲဒီဆိုင်ကို လာတဲ့အတွဲတွေဟာ ကော်ဖီနဲ့ အသည်းပုံစံ မုန့်တွေအတွက် ငွေပေးချေရတာ မရှိပါဘူး။ ထိုင်တဲ့ ကြာချိန်အတွက်ပဲ ကျသင့်ငွေ ပေးချေရပါတယ်။ ကော်ဖီနဲ့ မုန့်တွေကို အလကားချပေးပါတယ်။ ပြီးတော့ အချိန်ကြာကြာ ကိုယ့်ချစ်သူကို ဂရုစိုက်နိုင်တဲ့အတွက် အတွဲတွေကလည်း ဂုဏ်ယူကြပါတယ်။ အဲဒီဆိုင်မှာ ထူးခြားမှုတွေလည်း ရှိပါသေးတယ်။ အဲဒီဆိုင် နာမည်က အချစ်ဆိုင်တဲ့။ ကဲ ... ဆရာလူနေက အချစ်ဆိုင်ကို ဘယ်လို အလန်းစား ပုံဖော်ထားမလဲ ဆိုတာကိုတော့ ...