ဘာဆိုလားပဲ

လူနေ

700 Kyats ကျပ်
နာမည်က ‘ကောင်းကင်ကိုကို’ … ကကြီးတွေ အများကြီးနဲ့ နာမည်ပိုင်ရှင်ပေါ့။ သကောင့်သားလေးက ငယ်ငယ်ကထဲက အတွေးသမားလေး။ သူ တွေးလိုက်တဲ့ ရှုထောင့်တွေက အသစ်အဆန်းတွေချည်းပဲ။ ဆရာမတွေကတောင် လက်မှိုင်ချရတဲ့ အဖြစ်။ ဥပမာ - BOOK ကို သူ ပြောပြတာ … Boo - လှောင်ပြောင်သရော် အော်ဟစ်သံ၊ အလန့်တကြားဖြစ်အောင် အော်သံ၊ လှောင်ပြောင်အော်ဟစ်သည်။ သရော်အော်ဟစ်သည်။ Ok - သဘောတူသည်၊ ထောက်ခံသည်။ သူ ပြောချင်တာက Book ဆိုတဲ့ စာအုပ်တွေထဲမှာ ဘဝဆိုင်ရာ လှောင်ပြောင်ခံရမှုတွေ၊ အော်ဟစ်မှုတွေ၊ အံ့သြမှုတွေ ပါတယ်။ ဒါကို လူတွေက ဖတ်ပြီး တချို့ဟာတွေကို သဘောတူ ထောက်ခံတယ်။ အတုယူတယ်။ စာအုပ်ဆိုတာ ဒါပဲတဲ့။ ကိုယ်လိုရာကို ဟာကွက်မရှိ ဆွဲတွေးပြီး ရှုထောင့်အသစ်နဲ့ အရာရာကို မြင်ကြည့်နေတတ်တဲ့ ကကြီးမင်းသားလေးလို နောက်တစ်ယောက်ကတော့ ညိုသူ တဲ့။ အသက်အရွယ်အလိုက် မိန်းမများအပေါ် ယောက်ျားများ အထင်ကြီး ချစ်ခင်မှု ရာခိုင်နှုန်းများ ဆိုပြီး အချစ်ဖော်မြူလာ ထုတ်တတ်တဲ့ ခပ်ထက်ထက် ကောင်မလေးတစ်ယောက်ပေါ့။ ဇာတ်လမ်းက အရမ်းမိုက်တယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်နော်။