ချစ်သူရွာ

လူနေ

700 Kyats ကျပ်
ပရောဖက်ဆာ ဦးကာလဖေက နွေရာသီကျောင်းပိတ်ရက်မှာ နောက်ဆရာတစ်ယောက်နဲ့ ရွာတစ်ရွာကို သွားဖို့စီစဉ်ထားတယ်။ ရွာသွားမယ့်အကြောင်းကိုလည်း သူ့တပည့်တွေကို ပြောပြလိုက်တယ်။ ရွာနာမည်က “ချစ်သူရွာ” တဲ့။ အဲဒီရွာက အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ရွာ။ အချစ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာလေးတွေရှိသတဲ့! ရွာသွားမယ့်ကိစ္စကို တခြားကျောင်းသားတွေက လိုက်မယ်ဘာညာမပြောပေမဲ့ ပျော်ပျော်နေတတ်တဲ့ မောင်လွယ်က ရွာကိုအတူလိုက်ဖို့ ခွင့်တောင်းတယ်။ မကွေးတိုင်း ပခုက္ကူခရိုင်၊ ပခန်းငယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ ချစ်သူရွာကိုသွားတဲ့ ဆရာတပည့်တို့ ဘာတွေ ကြုံခဲ့ရမလဲဆိုတော့ !