တွေးကြော - ၁၀၁

လူသာမန်

1000 Kyats ကျပ်
ဒီစာအုပ်က အတွေးအခေါ်နဲ့ ရသခံစားမှုတွေကို ပေါင်းစပ်ထားတဲ့ စာအုပ်တစ်အုပ်ပါ။ စာအုပ်နာမည်က တွေးကြော ဆိုတဲ့အတိုင်း တစ်အုပ်လုံး ထိမိတဲ့ အတွေးတွေနဲ့ ပြည့်နှက်နေတာပါ။ တစ်မျက်နှာဖတ်လိုက် တစိမ့်စိမ့်တွေးလိုက်နဲ့ ခံစားသက်ဝင်လို့ကောင်းတဲ့ စာအုပ်ပါပဲ။ သတိမထားမိတဲ့ သေးသေးမွှားမွှား အတွေးတွေကအစ ထင်သာမြင်သာတဲ့ အတွေးတွေအဆုံး ဖတ်ရင်းတွေးရင်း ကျေနပ်မှုကို ရှာဖွေတွေ့ရှိနိုင်မယ့် စာအုပ်ဖြစ်လို့ အခုပဲ ဝန်ဇင်းမှာ တင်ဆက်ပေးလိုက်ပါတယ်။ (“ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဆိုတာ မှန်တယ်ဗျ” “ဘာကြောင့် မှန်တယ်လို့ ဆိုရတာတုန်း” “ဘယ်နေရာသွားသွား ... သူကြီးတွေ၊ သူကြီးသားတွေနဲ့ တွေ့နေရလို့”) (“ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး စကားတစ်ခွန်းနဲ့ အဆိုးဆုံးစကား တစ်ခွန်းကို ပြောပြပါ ဆရာ” “ကျွန်ုပ် မသိပါ”)