သူတို့ဘာလို့ စာမဖတ်ကြတာလဲ

လူသာမန်

1000 Kyats ကျပ်
ရှေ့မှာထွက်ရှိခဲ့ပြီးဖြစ်တဲ့ ငါတို့ ဘာလို့စာဖတ်ကြတာလဲ စာအုပ်နဲ့ လူတစ်သန်းကို တွေးခေါ်စေတဲ့ မင်တစ်စက်စာအုပ်တို့လို စာတစ်အုပ်ပါ။ ငယ်ရွယ်စဉ် စာဖတ်ကတည်းက သူတစ်ပါးအတွက် စဉ်းစားပေးတတ်တဲ့စိတ်ကို စာအုပ်စာပေကနေ ရရှိနိုင်ပုံ၊ စာမဖတ်ကြတဲ့ အကြောင်းရင်း ၁၀ ချက်၊ အလုပ်များလွန်းတဲ့ စာဖတ်သမားတွေအနေနဲ့ စာဖတ်ချိန်ကို ရှာကြံရယူနည်း ၁၀ မျိုး၊ ငယ်စဉ်ကတည်းက စာဖတ်ကျင့်ရှိနေတဲ့ ကလေးတွေရရှိနိုင်မယ့် အကျိုးကျေးဇူး ငါးချက်။ ဗိုလ်ချုပ် စာကြည့်တိုက်အကြောင်း၊ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး ရှေးခေတ် စာကြည့်တိုက်ကြီး ၁၀ ခုအကြောင်း၊ ဆူနာမီကြောင့် ပျက်စီးခဲ့ရတဲ့ အာရှ စာကြည့်တိုက်ကြီးတွေအကြောင်း၊ မြန်မာစာအုပ်နှစ်အုပ် အကြောင်းနဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ငါးအုပ် အကြောင်း၊ ပထမအကြိမ် ကျင်းပခဲ့တဲ့ နိုဘယ်လ်-မြန်မာ စာပေပွဲတော် အကြောင်းနဲ့ ကမ္ဘာကျော် ကမ္ဘောဒီးယား စာရေးဆရာမတစ်ဦးကို တွေ့ဆုံမေးမြန်းထားချက်တို့ကို ဖတ်ရှုရပါလိမ့်မယ်။