လမ်းတွေသာ မရှိခဲ့ရင် အိမ်ကနေ ငါတို့ ဘယ်သွားကြမလဲ

လူသာမန်

800 Kyats ကျပ်
အမှာစာကောက်နှုတ်ချက် ✅ ဒီကဗျာစာအုပ်က ကျွန်တော်ရဲ့ တတိယမြောက် တစ်ကိုယ်တော် ကဗျာစာအုပ်ပါ။ ၂၀၁၆ ခုနှစ်အတွင်း ရေးသားဖြစ်ခဲ့တဲ့ ကဗျာ ၈၈ ပုဒ်ကို စုစည်းထားတာ ဖြစ်ပါတယ်။ တကယ်ဆို ကဗျာပုဒ်ရေက ဒီ့ထက် နည်းမှာပါ။ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် တချို့ကဗျာတွေကို ဒီစာအုပ်ထဲကနေ ဖယ်မထုတ်နိုင်ခဲ့ပါဘူး။ သို့သော်ငြား ကျွန်တော်နဲ့ ဆုံချင်ရင် . . . ၊ ကျွန်တော့်ဆီ ရောက်ချင်ရင် . . . စာအုပ်တစ်အုပ်၊ သတ်သေလိုသူ၊ ပြာ၊ ရောက်လေရာ အနာရင်း၊ လျှာရှည်ကောင်၊ အိမ်တွင်းရေး၊ ဧည့်ခန်းရောင် စတဲ့ ကဗျာတွေကနေတစ်ဆင့် လာခဲ့ကြပါလို့ ဖိတ်ပါရစေ။ ကျွန်တော် အများကြီး မပြောတော့ပါဘူး။ လမ်းတွေသာ မရှိခဲ့ရင် အိမ်ကနေ ကျွန်တော်တို့ ဘယ်သွားကြမှာလဲ . . . ။