ဘဝ၊ အနုပညာ၊ အလုပ် ထိပ်တိုက်တွေ့ဆုံ မေးမြန်းမှုများ

လူသာမန်

1000 Kyats ကျပ်
ဒီစာအုပ်က ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကနေ အောက်တိုဘာလအထိ Eternal Light Magazine, Real Lives Real Stories Magazine နဲ့ New Style Magazine တွေမှာ ဖော်ပြခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု ၁၈ ပုဒ်ကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ ကျင်လည်နေသူတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို သေသေချာချာ မေးမြန်းဖော်ပြထားတဲ့ စာအုပ်ပါပဲ။ ဦးသော်ကောင်း၊ ဦးအောင်သင်း၊ ဦးကျော်သူ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဦးကျော်မင်းဆွေ၊ ဦးမင်းကိုနိုင်၊ စီးပွားရေးပါမောက္ခ(ငြိမ်း) ဒေါ်ရီရီမြင့်၊ ဗဟိုသမဝါယမကောလိပ်ရဲ့ အငြိမ်းစားကျောင်းအုပ်ကြီး ဦးရဲမြင့်(စွန့်ဦးတီထွင်) နဲ့ SMART Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် အပါအဝင် တကယ်ကို ထူးချွန်သူတွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးတွေဖြစ်လို့ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။