ငါတို့ဘာလို့ စာဖတ်ကြတာလဲ

လူသာမန်

1000 Kyats ကျပ်
ဒီစာအုပ်က စာဖတ်ရတဲ့ အကြောင်းအရင်းတွေကို ရှင်းလင်းစိတ်ဖြာပြထားတာ မဟုတ်ပါဘူး။ စာပေနဲ့ ဆက်စပ်ပြီး တန်ဖိုးရှိတဲ့အရာတွေကို မီးမောင်းထိုးပြထားတာပါ။ စာအုပ်ထဲမှာ စာဖတ်တာနဲ့ ပတ်သက်တဲ့ ဆောင်းပါး ၁၈ ပုဒ်ပါပါတယ်။ ပြင်ပ စာဖတ်နှုန်းတွေ ကျဆင်းလာရတဲ့ အကြောင်း၊ အပေါစား စာပေတွေထဲမှာ နွံနစ်နေခဲ့ရင် ဘယ်လို ရုန်းထွက်သင့်တယ် ဆိုတဲ့အကြောင်းနဲ့ ဝါရင့် စာဖတ်သမားကြီးတွေရဲ့ စာဖတ်နည်း လမ်းညွှန်ချက်တွေကို ဖတ်ရှုရမယ်။ နောက်ပြီး ဘဝမှာလက်တွေ့ အကျိုးရှိစေတဲ့ စာဖတ်နည်းတွေ၊ သေချာပေါက်ရနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ ‘စာတောက်’မှု မဖြစ်အောင် ရှောင်ရှားနိုင်ပုံတွေ၊ စာပေ မွေ့လျော်မှုကို ကိုယ်တိုင် ပျိုးထောင်ရယူနိုင်ပုံ၊ စာဖတ်ချိန်ကို ရှာဖွေရယူသင့်ပုံ၊ စာပေ ကြိုက်နှစ်သက်မှု ကျယ်ပြန့်လာအောင် ကြိုးပမ်းနိုင်ပုံ၊ အတ္ထုပ္ပတ္တိစာပေနဲ့ ဂန္ထဝင်စာပေရဲ့ အရေးပါ အရာရောက်ပုံ၊ စာဖတ်တာနဲ့ ဘဝရည်မှန်းချက် ဆက်စပ်ပုံ စတဲ့ အကြောင်းအရာတွေကို စာအုပ်ထဲမှာ တန်ဖိုးရှိရှိ မှတ်သားနိုင်ပါမယ်။ ဖတ်ကြည့်စေချင်ပါတယ်ဗျ။