မေ့လို့မရသည့် အကြောင်းအရင်း

လုံမ

600 Kyats ကျပ်
“ဟား၊ တော်တော်ဆိုးတဲ့ မိန်းကလေး၊ အား သေပါပြီကွာ”... အော်သံထွက်လာသူက ဆစ်ထန်။ ခပ်ကြမ်းကြမ်းလေး အုတ်နီခဲနဲ့ ဆော်ပလော်တီးလိုက်သူက ပန်းနီနီ။ သူတို့နှစ်ယောက်က တွေ့တွေ့ချင်း ဒီလိုကတောက်ကဆ။ ပိုပြီးမတည့်တာကတော့ ဆစ်ထန်ရဲ့ အကိုကြောင့် ပန်းနီနီရဲ့ မိဘတွေ ဆုံးပါးသွားခဲ့တယ်လေ။ ဒါကို ဆစ်ထန်တို့မိဘတွေက ပိုက်ဆံနဲ့ပဲ ဖြေရှင်းဖို့ကြိုးစားကြတယ်။ ဝတ္ထုက စကတည်းက ခပ်ကြမ်းကြမ်း … တစ်ဖက်မှာပြန်ကြည့်တော့လည်း ဝမ်းနည်းဖို့ကကောင်းနေပြန်ရော။ ဆစ်ထန်က ချမ်းသာပေမယ့် အမေက သူ့ကိုမချစ်ဘူး။ သားကြီးကိုပဲ ချစ်တာ။ ဒါပေမဲ့ သူက စိတ်ရင်းလေးတော့ ကောင်းပါတယ်။ ပန်းနီနီကတော့ မာနကြီးတယ်။ စလာကတည်းက နည်းနည်းမှ မတည့်တဲ့သူနှစ်ယောက်က စာဖတ်သူရဲ့ ရင်ကို ဗလောင်ဆူအောင် ဘယ်လိုလုပ်မယ်ထင်သလဲ ? ကိုယ်တိုင်သာ ခံစားကြည့်ပါဦး !