အလွမ်းမျက်ခြယ်

လုံမ

800 Kyats ကျပ်
မင်းသားရှုံးလောက်အောင် ယောင်္ကျားပီသမှုရှိတဲ့ တုနှိုင်းမာန်။ ဒါပေမဲ့ သူ့ဘဝက နုံချာလှပါတယ်။ အတန်းပညာရော၊ ငွေကြေးရော မပြည့်စုံတဲ့ တုနှိုင်းမာန်ဟာ ကြုံရာအလုပ်လုပ်ပြီး မိသားစုကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနေသူ၊ တစ်ယောက်တည်းရှိတဲ့ ညီမလေးကို အရမ်းချစ်ပြီး ပညာတတ်ကြီး ဖြစ်စေချင်သူ။ ဘဝက နုံချာပေမယ့် တုနှိုင်းမာန်ဟာ သပ်သပ်ရပ်ရပ် နေထိုင်တတ်တဲ့ လူငယ်တစ်ယောက်ပါ။ အဲဒီလို သပ်သပ်ရပ်ရပ်နေပုံကြောင့်လည်း သွက်သွက်လက်လက်ရှိပြီး စိတ်လွတ်ကိုယ်လွတ် နေတတ်တဲ့ သမီးတော် ဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့တာပေါ့။ ဆုံပုံကလည်းအဆန်း ... တုနှိုင်းမာန်ကို မင်းသားထင်ပြီး အော်တိုထိုးခိုင်းသတဲ့လေ။ တုနှိုင်းမာန်ဘဝရဲ့လှုပ်ခတ်မှုတွေက အဲ့ဒီမှာ စခဲ့တာပဲ။ ဘယ်လို ဘဝအချိုးအကွေ့တွေ၊ ဘယ်လိုလှုပ်ခတ်မှုတွေ ကြုံတွေ့ရမလည်းဆိုတာကတော့ ဒီအချစ်လုံးချင်းဝတ္ထုထဲမှာ ဖတ်လိုက်ကြပါဦး အမျိုးတို့ရေ။