မြက်ဖျားနှင်းရဲ့ ညှို့တေးသံ

လှိုင်းကြာဖြူ

700 Kyats ကျပ်
လင်မယားပဲ ဖြစ်နေပါစေ၊ ဇနီးမယားရဲ့ အလိုမတူရင် အဲဒီကိစ္စက ရာဇဝတ်မှု မြောက်ပါတယ်။ လက်တွေ့မှာတော့ မင်းမဲ့တိုင်းပြည် မဟုတ်ဘူး ဆိုပေမဲ့လည်း ကိုယ့်အိမ်တွင်းရေး ပဋိပက္ခကို ဘယ်သူက အပြင်ကို ပေါက်ကြားစေချင်မှာလဲနော်။ ဒီကိစ္စကြောင့်ပဲ လူမသိ သူမသိ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ပွားနေခဲ့တာပါပဲ။ အဲဒီအထဲမှာ မြက်ဖျားနှင်းတို့ မိသားစု နေထိုင်တဲ့ အိမ်လည်း အပါအဝင်ပေါ့။ ဒီလို လူမှုဘဝထဲက အဖြစ်အပျက်တွေကို ချစ်ခြင်းနဲ့ ရောယှက်ဖန်တီးထားတဲ့ ဆရာမ လှိုင်းကြာဖြူ ရေးတဲ့ မြက်ဖျားနှင်းရဲ့ ညှို့တေးသံ ဇာတ်လမ်းလေးက စာချစ်သူတို့ အကြိုက်တွေ့မှာ သေချာပါတယ်။