မကျွမ်းဝင်သာ လွမ်းလျက်ပါ

လှိုင်းကြာဖြူ

700 Kyats ကျပ်
❤ တချို့ နှလုံးသားရေးရာ ကိစ္စတွေက နားလည်ရခက်တယ်။ မိန်းကလေးက ယောက်ျားလေးကို အရင်ဦးဆုံး ဖွင့်မပြောရဘူးဆိုပြီး ရှေးရိုးစွဲလူကြီးတွေ ယူဆခဲ့တဲ့ သတ်မှတ်ချက်တွေကလည်း နားလည်ရခက်တယ်။ အခုလည်း နီနီက ဝဿန့်ကို ဖွင့်ပြောစေချင်ပြီ။ သူ့ကို ဝဿန်က ချစ်နေတယ်လို့ သူထင်သလို ဝဿန်ကိုလည်း သူကချစ်မိနေတာကိုး။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ဖွင့်မပြောကြဘူး။ ❤ ဝဿန်ကချမ်းသာတယ်၊ နီနီကကျောင်းဆရာမ။ ဒါကလည်း သူတို့နှစ်ယောက်ကြားကို ကွာခြားစေနေတယ်လို့ ထင်စရာပဲ။ ပြီးတော့ သူတို့နှစ်ယောက်ကြားထဲကို ရဲစည်သူဆိုတဲ့ လူတစ်ယောက် ဝင်လာတယ်။ အဲဒီအချိန်ကစပြီး နီနီနဲ့ ဝဿန်တို့နှစ်ယောက်ရဲ့ဘဝက ပျော်ဖို့မကောင်းတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဆိုတာ လှပစွာ အဆုံးသတ်စမြဲ မဟုတ်လား။ အတိအကျ ပြောဖို့လည်း ခက်တာပေါ့! ဒီဝတ္ထုမှာရော၊ ဖွင့်မပြောရဲသူ နှစ်ယောက်တို့ရဲ့ ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အဆုံးသတ်မလဲ ? "ချစ်သောသူနဲ့ ကွေကွင်းရပြီးပြီမို့ မချစ်မနှစ်သက်သူနဲ့ ထပ်ပြီး မပေါင်းဖက်ချင်တော့ ဘူးလေ။ တစ်ခါက ဒယ်ဒီ ငါ့ကို ပြောခဲ့သလိုပေါ့... နောက်ထပ် ရှင်သန်ရမယ့် ကာလဟာ အနှစ်လေးဆယ် ကျန်သေးတယ်ဆိုရင် မချစ် မနှစ်သက်သူ နားမှာ နေ့စဉ်နဲ့ အမျှ နေထိုင်ရခြင်း အနှစ်လေးဆယ် လွန်မြောက်ဖို့ ဒီလမ်းကို ငါရွေးခဲ့တယ်" (ဝဿန်)